၂၂.

ရုန်ချန်းရှန်ရဲ့ ညာဘက်မျက်ခုံးအထက်မှာ ငှက်မွှေးသဏ္ဍာန် အမာရွတ်သေးသေးလေးရှိသည်။ တောင်တန်းထောင်ချီမှာ ငှက်ပျံတာမတွေ့ရသလို လမ်းသိန်းချီမှာလည်း လူသားရဲ့ ခြေရာမတွေ့ရဘူး။

သူကရှင်သန်ချိန်မှာလည်း အံ့သြဖွယ်ဖြစ်ပြီး သေဆုံးချိန်မှာလည်း ဆန်းကျယ်မှုနဲ့အတူပါပဲ။ သူက ကျွန်‌တော့်ကို ဘာညွှန်ကြားချက်မှမပေးဘဲ သဲနာရီတစ်လုံးပစ်ပေးလာသည်။

သူ့အချိန်တိုင်းမှာ ကျွန်‌တော့်ကို သတိရစေခဲ့သည်။ သူ့ကိုယ်ပေါ်က မေးခွန်း၊ သူ့မျက်ခုံးပေါ်က အမာရွတ်နဲ့ အလုံးစုံသောသူ့အကြောင်းကို။

ဒီခွေးကောင်...

၂၃.

ကျွန်တော် သဲနာရီကို ထပ်မဖွင့်တော့ဘဲ ကောလိပ်တစ်ခုကိုသွားပြီးတော့ ပန်းချီပညာနဲ့ဆိုင်တဲ့ သင်ရိုးတစ်ခုကို ယူလိုက်သည်။

ကျွန်တော်သူ့ပုံကို ဆွဲတတ်ချင်သည်။ အသက်သုံးဆယ် အရွယ်က ထူးဆန်းတဲ့ဦးလေးကြီးမဟုတ်တဲ့ သူငယ်ရွယ်စဉ်က အရပ်ရှည်ရှည်ပိန်ပိန်ပါးပါးနဲ့ ပါးလျလျမျက်မှန်တပ်ထားတဲ့ ခန့်ညားပြီး ငယ်ရွယ်တဲ့ကောင်လေးပုံ။

ကျွန်တော်အရမ်းကြိုးစားပြီးတော့ သူ့မျက်နှာရဲ့ မှန်ကန်တဲ့ အကြမ်းကို ချလိုက်နိုင်သည်။ ဒါပေမယ့် ကျွန်တော်သိလိုက်တာက လူတစ်ချို့က ပုံဆွဲဖို့ မွေးဖွားလာတာမဟုတ်ဘူးဆိုတာ။ ဥပမာကျွန်‌တော့်လိုမျိုးပေါ့။ ကျွန်‌တော့်အတွက်တော့ ပုံဆွဲခြင်းဆိုတာ ရုန်ချန်းရှန်ရဲ့ ကျောက်သင်ပုန်းမှာရေးထားတဲ့ ထူးထူးဆန်းဆန်း ဖော်မြူလာတွေလိုပဲ။

ခဲတံကို စိတ်ရှုပ်ထွေးခြင်းနဲ့အတူ လွှင့်ပစ်လိုက်ပြီး မော့ကြည့်လိုက်မိတော့ ဝရံတာအပြင်ဘက်မှာ လေကြမ်းတွေက တိုက်ခတ်နေသည်။ ရုန်ချန်းရှန်ကို နောက်ဆုံးတွေ့ခဲတာ ‌နွေဦးကနေ ဆောင်းအထိဆို နှစ်ဝက်တောင်ကြာသွားပြီ။ သဲနာရီကလည်း ကျွန်‌တော့်အိပ်ရာဘေးမှာရှိနေသည်။ သဲပွင့်သေးသေးလေးတွေက ကျွန်‌တော့်လျစ်လျူရှုမှုကို အပြစ်ဆိုချင်နေသယောင်...

ကျွန်တော် နို့တစ်ခွက်ကိုင်ပြီး အိပ်ယာပေါ်ထိုင်ချကာ ဖုန်းကိုလှမ်းယူကြည့်လိုက်သည်။ အာ... ဒီနေ့ ကျွန်‌တော့်မွေးနေ့ပဲ။

စကြာဝဠာ အနားသတ်များအား ဖြတ်ကျော်၍..... (Completed)Where stories live. Discover now