Part 2 (Unicode)

684 129 3
                                    

၁၃.

ကျွန်တော်လက်ထဲမှာ သဲနာရီကိုင်ထားရက်နဲ့ပဲ နိုးလာသည်။ သဲနာရီက လုံးဝကိုပုံမှန်ပဲ။ သဲတွေက အောက်ကနေအပေါ်ကို ပျံမနေဘူး။ ပုံမှန်အရှိန်လေးနဲ့ပဲ အပေါ်ကနေအောက်ကို ခပ်သာသာကျဆင်းနေသည်။

ထင်ရှားလှစွာပဲ တစ်ခုခုမှားနေသည်ဆိုတာကို ခံစားမိရင်းနဲ့ မတ်တပ်ထရပ်လိုက်သည်။ ကျွန်‌တော့်ခန္ဓာကိုယ်က အဲ့လောက်ပေါ့ပြီးမသန်မာသင့်ဘူး။ ပြီးရင် ကျွန်‌တော့််လက်တွေ... အရေတွန့်နေသင့်တာမလား။

မီးဖိုချောင်ကနေ မိန်းမတစ်ယောက်အော်သံထွက်လာသည်။ "ယင်းဝမ်.... မြန်မြန်လာစားတော့ ဘွဲ့ယူအခမ်းအနားကို နောက်မကျစေနဲ့"

ဘွဲ့ယူအခမ်းအနား?

သဲနာရီကို အိပ်ထောင်ထဲ မြန်မြန်ထည့်လိုက်သည်။ ကျွန်‌တော့်လည်ပင်းမှာတော့ စင်ယော်ပုံ လည်စည်းနဲ့... "ကျွန်တော်လာပြီ"

ပူပြင်းတဲ့နွေရာသီမှာ ကျွန်တော်ပြန်နိုးထလာခဲ့သည်။ ကျွန်တော်စားသောက်ပြီး အပြင်ထွက်လာသည်အထိ နောက်ပြန်မလှည့်ကြည့်ခဲ့ဘူး။

ကျွန်‌တော်အများကြီးမမှတ်မိပေမယ့် အထက်တန်းကျောင်းဆင်းအခမ်းအနားကိုတော့ မေ့မရခဲ့ဘူး။ ဘာလို့ဆို ရုန်ချန်းရှန်က ကျွန်‌တော့် စင်ယော်ပုံလည်စည်းကို ကြိုက်သည်လို့ ပြောခဲ့လို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

ဘတ်စ်ကားပေါ်တက်ပြီးတော့ ပုံးထဲကို ငွေနှစ်ပြားထည့်လိုက်သည်။ ပြီးတော့ တံခါးနဲ့အနီးဆုံး ပထမမြောက်ခုံမှာ ထိုင်ချလိုက်သည်။

ဘတ်စ်ကားက နောက်မှတ်တိုင်မှာ ရပ်သွားပြီး တံခါးပွင့်လာကာ ကျောင်းလွယ်အိတ်နဲ့ကောင်လေးက တက်လာခဲ့သည်။ သူက ပိန်ရှည်ပြီး အသား‌ရေခပ်လတ်လတ်နဲ့ ခပ်ပါးပါး မျက်မှန်တစ်လက်တပ်ထားသည်။ သူက ဘတ်စ်ကား ကတ်ကို ကိုင်ပြီး စက်မှာ ကပ်လိုက်တဲ့အခါစက်က အသံထွက်လာသည်။ "လက်ကျန်ငွေမလုံလောက်ပါ။ ငွေထပ်ဖြည့်သွင်းပါ"

သူက မျက်မှန်က ရှက်ရှက်နဲ့ ပင့်တင်လိုက်သည်။ ပြီးတော့ နောက်တစ်ကြိမ်ထပ်ကြိုးစားပေမယ့် တူညီတဲ့အသံထွက်လာသည်။ "လက်ကျန်ငွေမလုံလောက်ပါ။ ငွေထပ်ဖြည့်သွင်းပါ"

စကြာဝဠာ အနားသတ်များအား ဖြတ်ကျော်၍..... (Completed)Où les histoires vivent. Découvrez maintenant