၂.

ကျွန်‌တော့်မှာ အကြောက်လွန်တဲ့ လက္ခဏာနဲ့အတူ ထင်ယောင်မှားရောဂါရှိသည်။

အရမ်းကို စိတ်လှုပ်ရှားသွားရင် ရောဂါထလာတတ်ပေမယ့် ကျွန်‌တော့်အတွက် အဲ့ဒါကပြသနာကြီး မဟုတ်ပါဘူး။ ပုံမှန် နွေးထွေးတဲ့ နေ့လည်ခင်းမှာတောင် ဒီလိုခံစားချက်ကြီးနဲ့ နိုးထလာဖူးသည်။

ကျွန်‌တော့်ရဲ့ စိတ်တစ်လွှာမှာ ဖုန်ထူထူတက်နေတဲ့ ဒီအမှတ်တရတွေကို ကျွန်တော်သာ သွားမရှာဖြစ်ခဲ့ရင် ကျွန်တော်က ခပ်ပျော်ပျော်နေတတ်‌တဲ့ လူကြီးတစ်ယောက်ပါပဲ။

ကံမကောင်းစွာနဲ့ပဲ ဒါကတကယ့်ကို ပြင်းထန်တဲ့ ဖျားနာမှုဖြစ်နေသည်။ ကျွန်‌တော့်ခံစားချက်တွေကို ဆွဲထားလို့လည်းမရသလို လွှတ်ချလို့လည်းမရဘူး။ ကျွန်‌တော့်ဦးနေှာက်က ထိန်းချုပ်အားနည်းသည်။ ကျွန်တော်သာ ဂရုမစိုက်မိရင် ရောဂါက ထဖောက်လာမှာပဲ။

ဒါကြောင့် ကျွန်တော်က ဒီဆေးရုံက ဒေါက်တာ ယွီဆီလာခဲ့တာ။ သူက ကျွန်‌တော့် စိတ်အခြေအနေတွေအတွက် တာဝန်ယူထားပေးသည်။

၃.

"ဘယ်လိုနေ‌သေးလဲ" ဒေါက်တာယွီက အေအေးဆေးဆေးရှိတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးဖို့ ပျော်ရွှင်နေတဲ့လေသံနဲ့မေးသည်။

"ကျွန်တော် အသုဘတစ်ခုတက်ခဲ့တယ်" ဝိရောဒိနည်းနည်းနဲ့ ဒီကိစ္စကို ဘယ်လိုဖော်ပြရမလဲ မသိဘူး။ "ကျွန်တော် သူ့အသုဘ တက်ရောက်ခဲ့တယ်။"

"ဆိုလိုတာက..." ဒေါက်တာယွီရဲ့ မျက်နှာအမူအရာက ချက်ခြင်း အရေးကြီးတဲ့ဘက်ရောက်သွားသည်။ သူက ဆေးမှတ်တမ်းတွေကို ကြည့်လိုက်ပြီး ပြန်မေးလာ၏။ "ရုန်ချန်းရှန်ရဲ့ အသုဘလား"

"ဟုတ်တယ်" ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။ "ရုန်ချန်ရှန်၊ အသက် ၆၈နှစ်။ နံပါတ် ၃၀၄၊ တိုက်နံပါတ် ၁၃၊ လင်နန်မင်ယွမ်၊ ရှောင်စန်းခရိုင်၊ ဟန်ကျိုးမှာ နေသည်။ သူက နှလုံးရောဂါနဲ့ သေခဲ့တာ"

"ဘာလို့ခင်ဗျား... မဟုတ်ဘူး... ဘယ်လိုလုပ် ခင်ဗျားက အဲ့ကိုရောက်သွားတာလဲ" ဒေါက်တာယွီက မေးသည်။

"ကျွန်တော် ဖိတ်စာရခဲ့တာ" ကျွန်တော်က ပြောပြီး စာတစ်စောင်ထုတ်ပြလိုက်သည်။

စကြာဝဠာ အနားသတ်များအား ဖြတ်ကျော်၍..... (Completed)Where stories live. Discover now