Part 1 (Unicode)

3.1K 175 1
                                    

"သူက ကျွန်‌တော့်ကို ရှာဖို့ ထောင်နဲ့ချီတဲ့ တောင်တန်းနဲ့ မြစ်ပြင်ကို ဖြတ်သန်းလာခဲ့သည်။"

ကျွန်‌တော့်ချစ်သူရဲ့ အသုဘကို တက်ရောက်ခဲ့သည်။

ဒါပေမယ့် ဧည့်သည်တွေအားလုံးကပြောကြတာကတော့

သူတို့ကျွန်‌တော့်ကို မမြင်ဖူးဘူးတဲ့။

၁.

"နာမည်?"

"ယွီယင်းဝမ်"

"ချိန်းထားတာရှိလား"

"ဟုတ်ကဲ့၊ ဒေါက်တာယွီနဲ့ သုံးနာရီမှာပါ"

"ခနထိုင်ပါဦး၊ ဒေါက်တာယွီအခုလာပါလိမ့်မယ်"

ကျွန်တော်က နံရံနားက ခုံတစ်ခုမှာထိုင်ချလိုက်၏။ ထောင်လင်လမ်းမဆေးရုံကြီးကို ရောက်လာကတည်းက အချိန်မှန်ဆေးသောက်လေ့ရှိပြီး စိတ်ပညာရှင်အထူးကုနဲ့လည်း ရှားရှားပါးပါး ဆွေးနွေးတာမျိုး လုပ်လေ့ရှိသည်။

"မစ္စတာ ယွီ" ဒေါက်တာ ယွီက ကျွန်‌တော့်ကို ဂရုတစိုက်ကြည့်ရင်းပြောသည်။ သူ့မျက်ဝန်းထဲက အံ့သြမှုကိုတောင် ကျွန်တော်ခံစားနိုင်သည်။ "ဘာလို့ ဒီမှာရှိနေတာလဲ"

"ငါ..." ကျွန်တော် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ရင်း အသံကို နှိမ့်ချလိုက်သည်။ "ဒီမှာပြောလို့ အဆင်မပြေဘူး။" ကျွန်တော်က ထူးဆန်းတာတစ်ခုပြောချင်နေတာ.. ဒီထောင်လင် ဆေးရုံနဲ့ပတ်သတ်ရင် ကျွန်တော်ပြောနေကျပုံစံပါပဲ။ ဒီဟာက စိတ်ကျန်းမာရေး ဆေးရုံဖြစ်ပြီးတော့ ပုံမှန် စိတ်ကျန်းမာရေး ဆေးခန်းတွေနဲ့ ကွာခြားသည်။

"အိုခေ... ငါ့ရုံးခန်းထဲသွားပြောရအောင်" ဒေါက်တာယွီက တံခါးကို တွန်းလိုက်ရင် ကျွန်‌တော့်ကို အထဲဝင်စေသည်။

ကျွန်တော်က ခေါင်းညွတ်လိုက်ရင်း သူ့နောက်ကို ခပ်သွက်သွက်လိုက်သွားသည်။ ကျွန်တော်က ဒီနှစ်မှာ ခြောက်ဆယ့်ငါးနှစ်ပြည့်မှာဖြစ်ပြီး ကျွန်‌တော့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေက သိပ်မကောင်းဘူး။ အကြီးမားဆုံး ပြသနာကတော့ စိတ်ပိုင်းဆိုင်ရာပါပဲ။ ကျွန်‌တော့်သူငယ်ချင်းက ကျွန်တော် အသက်ခုနစ်ဆယ်အထိမနေရတော့ဘူးပြောသည်။ ကျွန်တော်ကတော့ ပင်စင်ယူပြီးတာတောင် ဆက်နေနိုင်တာ ထူးဆန်းနေပြီလို့ ခံစားရသည်။

စကြာဝဠာ အနားသတ်များအား ဖြတ်ကျော်၍..... (Completed)Where stories live. Discover now