သူကိုတွေ့တော့ ပြေးဖက်တဲ့မင်ဂျွန်းကြောင့် လူကအင့်ခနဲ ဒီကောင်လေးက အမြဲတစွတ်ထိုးလုပ်တက်တဲ့အကျင့်လေးကလြဲလို့အကုန်ကောင်းပါတယ် ...။

** ကိုကိုလွမ်းနေခဲ့တာ ကိုကို အနားကဘယ်တော့မှထွက်မသွားတော့ဘူး ပြီးတော့ မင့်ကိုချစ်လာအောင်ကြိုးစားမယ် **

ထိုစကားကိုတော့ မင်ဂျွန်း စိတ်ထဲမှာရေရွှတ်လိုက်သည် ...။

" ကဲကဲ သွားရအောင် ကိုယ်အလုပ်သွားရအုံးမှာ ... "

" ဟုတ် "

ထယ်ယောင်းလဲ မင်ဂျွန်းရဲ့ ဆံနွယ်တို့ကိုဖွပစ်လိုက်တော့ သဒပ်လေးနဲ့ပြုံးပြလာတဲ့မင်ဂျွန်း ...။

ထယ်ယောင်း မင်ဂျွန်းကိုသူ့အိမ်ပို့ပေးလိုက်ပြီး ကုမ္မဏီဆီသို့ ...။

" ဟင် ဘယ်သူလဲ "

" ကိုကိုရဲ့ချစ်သူ မင်ဂျွန်း "

သူထက္မတိမ်းမယိမ်းငယ်ပုံပေါက်တဲ့ကောင်လေးရဲ့စကားကြောင့် သူမှာကြောင်အအလေး ...။

" ကိုကိုဆိုတာက ... "

" ထယ်ထယ့်ကိုပြောတာ "

ပြောပြီး အခန်းတစ်ခန်းထဲဝင်သွားတဲ့ကောင်လေး ...။

ကိုကို့ရဲ့ချစ်သူ ... မနေ့က ဟန်နာကို လမ်းခွဲတယ် အခုဒီကောင်လေးက အသစ်လား ကိုကိုကလူတိုင်းကိုလိုက်ကစားနေခဲ့တာလား သူကရော ကိုကို့ရဲ့အဖွညျ့ခံသကျသကျပဲလား ဟင့်အင်း သူ ကိုကိုရဲ့ ကစားခံရတဲ့လူတွေထဲမပါချင်ဘူး ...။

သူလိုချင်တာ ကိုကို့ရဲ့အချစ် နွေးထွေးမှု ကြင်နာမှု၊ အခုသူရလာတာက နာကျင်မှု ...။

ကိုကို အရမ်းရက်စက်တယ် ...။

သူ အခန်းထဲပြေးဝင်ရင်း ငိုနေမိတာဘယ်လောက်ကြာသွားရယ်မသိ ...။

" ကိုကို့ကို ကျနော်မချစ်ရဲတော့ဘူး ကျနော့်ရဲ့အချစ်တွေနဲ့ကျနော်ကိုချုပ်နှောင်မှာကြောက်တယ် "

တဖန်ကျဆင်းလာတဲ့မျက်ရည်တွေကိုသုတ်လိုက်ရင်း အသက်မပါစှာပွုံးကာ ကိုယ့်ပုံရိပ်ကိုမှန်ထဲမှာပြန်ကြည့်ရင်း ...။

" ကိုကိုဘယ်လောက် ကျနော့်ကိုနာကျင်မှုတွေပေးနေပါစေ ကျနော်ကတော့ဘယ်တော့မှကိုိကို့ကိုမမုန်းဘူး "

မင်ဂျွန်း သူနဲ့တွေ့ခဲ့တဲ့လူကိုခုထိမင်္သကာသေးပါ သူ့ကိုခေါ်ကြတာ ဘာတဲ့ သခင်လေးတဲ့ သူ့ကကိုကိုနဲ့ဘယ်လိုပတ်သက်တာလဲ ?

" ဂျွန်!!! "

ဒါကိုကို့ရဲ့အသံပဲ ကိုကိုကုမ္မဏီကပြန်လာပြီထင်တယ် ဒါနဲ့နေပါဦး ဂျွန်ဆိုတာကဘယ်သူလဲ ...။

" ကိုကို ပြန်လာ... "

ဂျောင်ကုစကားတောင်မဆုံးသေး ...။

" ကိုကို! "

ပြေးလာတဲ့မင်ဂျွန်းကြောင့် ထယ်ယောင်းခဏတာကြောင်သွားရင်း သူရင်ခွင်ထဲပစ်ဝင်လာတဲ့မင်ဂျွန်းခန္ဓာကိုယ် ...။

မင်ဂျွန်းသိလိုက်ပါပြီ ဒါတော့လုံးဝအဖြစ်မခံနိုင်ဘူး ကိုကို၊ ကိုကိုကမင့်အပိုင်ပဲ ...။

" မင်ဂျွန်း ~ "

" ဟီး ကိုကို့ကိုယ်သင်းနံ့လေးကမွှေးနေတာဘဲ "

သူရင်အုံကိုမေ့ထောက်ပြီး မော့ကြည့်ကာ ေပြာလာတဲ့မင်ဂျွန်း ...။

ထယ်ယောင်း ဂျောင်ကုကို ပြာပြာသလဲကြည့်မိတော့ ပြုံးပြလာတဲ့ဂျောင်ကုကိုမြင်ရမှ သက်ပြင်းချနိုင်သည် ...။

** ဂျွန် အထင်မလွဲဖို့မျှော်လင့်တယ် **

** ကိုကို့ဘက်ကမှန်နေရင် ဘာလို့ကျနော်အထင်လွဲမှာကိုကြောက်နေတာလဲ ဒီကောင့်ကိုတော်ရုံဘဲနာကျင်မှုပေးပါကိုိကိုရယ် **

TBC

Thank For Reading...

ချောင်းရိုက်ခြင်းသည်းခံပါ 🤧

🚨 I Never Hate You 🚨Where stories live. Discover now