—
မနက်ဖြန် မင်ဂျွန်းကိုသူကိုယ်တိုင်သြားကြိုရမှာမို့ ကုမ္မဏီကိုအရင်မသွားပဲ လေဆိပ်ကိုအရင်သွားလိုက်သည် ...။
" မင်ဂျွန်း ~ "
" ကိုကို! "
" အင့် "
သူကိုတွေ့တော့ ပြေးဖက်တဲ့မင်ဂျွန်းကြောင့် လူကအင့်ခနဲ ဒီကောင်လေးက အမြဲတစွတ်ထိုးလုပ်တက်တဲ့အကျင့်လေးကလြဲလို့အကုန်ကောင်းပါတယ် ...။
** ကိုကိုလွမ်းနေခဲ့တာ ကိုကို အနားကဘယ်တော့မှထွက်မသွားတော့ဘူး ပြီးတော့ မင့်ကိုချစ်လာအောင်ကြိုးစားမယ် **
ထိုစကားကိုတော့ မင်ဂျွန်း စိတ်ထဲမှာရေရွှတ်လိုက်သည် ...။
" ကဲကဲ သွားရအောင် ကိုယ်အလုပ်သွားရအုံးမှာ ... "
" ဟုတ် "
ထယ်ယောင်းလဲ မင်ဂျွန်းရဲ့ ဆံနွယ်တို့ကိုဖွပစ်လိုက်တော့ သဒပ်လေးနဲ့ပြုံးပြလာတဲ့မင်ဂျွန်း ...။
ထယ်ယောင်း မင်ဂျွန်းကိုသူ့အိမ်ပို့ပေးလိုက်ပြီး ကုမ္မဏီဆီသို့ ...။
" ဟင် ဘယ်သူလဲ "
" ကိုကိုရဲ့ချစ်သူ မင်ဂျွန်း "
သူထက္မတိမ်းမယိမ်းငယ်ပုံပေါက်တဲ့ကောင်လေးရဲ့စကားကြောင့် သူမှာကြောင်အအလေး ...။
" ကိုကိုဆိုတာက ... "
" ထယ်ထယ့်ကိုပြောတာ "
ပြောပြီး အခန်းတစ်ခန်းထဲဝင်သွားတဲ့ကောင်လေး ...။
ကိုကို့ရဲ့ချစ်သူ ... မနေ့က ဟန်နာကို လမ်းခွဲတယ် အခုဒီကောင်လေးက အသစ်လား ကိုကိုကလူတိုင်းကိုလိုက်ကစားနေခဲ့တာလား သူကရော ကိုိကို့ရဲ့အဖြည့်ခံသက်သက်ပဲလား ဟင့်အင်း သူ ကိုကိုရဲ့ ကစားခံရတဲ့လူတွေထဲမပါချင်ဘူး ...။
သူလိုချင်တာ ကိုကို့ရဲ့အချစ် နွေးထွေးမှု ကြင်နာမှု၊ အခုသူရလာတာက နာကျင်မှု ...။
ကိုကို အရမ်းရက်စက်တယ် ...။
သူ အခန်းထဲပြေးဝင်ရင်း ငိုနေမိတာဘယ်လောက်ကြာသွားရယ်မသိ ...။
" ကိုကို့ကို ကျနော်မချစ်ရဲတော့ဘူး ကျနော့်ရဲ့အချစ်တွေနဲ့ကျနော်ကိုချုပ်နှောင်မှာကြောက်တယ် "
BẠN ĐANG ĐỌC
🚨 I Never Hate You 🚨
♡ Part - 6 ♡
Bắt đầu từ đầu