41-WIND CHARACTER AND WOOD CHARACTER

Start from the beginning
                                    

လုဖုန်း၏ဖခင်ဖြစ်သူကား ဤကဲ့သို့ လူမျိုးပင် ။ စိတ်ရှည်တတ်ပြီး အရာရာကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်တတ်သည် ။ စနေတနင်္ဂနွေအားလပ်ရက်များတွင် သူ၏ကိုယ်ပိုင် လှုပ်ကုလားထိုင်ပေါ် ထိုင်ကာ ဘေးနားတွင်လက်ဖက်ရည်တစ်ခွက်ချလျက် သတင်းစာတစ်စောင်ကိုကိုင်ပြီး အရာရာအသေးစိတ်ကို တစိမ့်စိမ့်အရသာခံရင်း တစ်နေ့ခင်းလုံးကို အချိန်ကုန်ဆုံးစေလိမ့်မည် ။

လုဖုန်း၏မိခင်ဖြစ်သူကား ဖခင်ဖြစ်သူနှင့် လုံးလုံးဆန့်ကျင်ဘက်ပင် ။ စိတ်ဖျတ်လတ်,သွက်လက်ပြီး မာရေကျောရေနိုင်ကာ အလုပ်ပြီး,မပြီးအပေါ်  စိတ်အားထက်သန်မှုအပြည့်ရှိတတ်သည် ။ ဒီနေ့အတွင်း အပြီးသတ်နိုင်သောအလုပ်ကိစ္စတစ်ခုကို နောက်နေ့ထိတိုင် ဆွဲခေါ်ချန်မထားတတ် ။

လုဖုန်းအလေးထားသောအရာသည် သစ်ပင်နှင့်လေ, စာလုံများဖြစ်သည့်တိုင် သူ့အနေဖြင့် မိမိနာမည်ကိုတောင် မရေးနိုင်သေးသည်ဖြစ်ရာ ဤအချင်းအရာများအားလုံးကို လုဖုန်းအားပြောပြနေရခြင်း၏အဓိကအချက်မှာ မည်သည့်အရာနည်း ? ဖခင်ဖြစ်သူ၏စကား​ကြားပြီးနောက် လုဖုန်း အနည်းငယ်ကြောင်အသွားခဲ့၏ ။ ဤကဲ့သို့ အသေးစိတ်ကျကျရှင်းပြလာသည့်အတွက် မိမိနာမည်၌အမှန်တကယ် မိုက်သောအဓိပ္ပာယ်တစ်ခုတော့ရှိရမည်ဟုတော့ လုဖုန်းစိတ်ထဲတွေးမိလေသည် ။

"အဲ့ဒါဆို ကိုကို့နာမည်ရဲ့အဓိပ္ပာယ်ကဘာလဲဟင်"

ထိုစဥ်အချိန်အခါက လုဖုန်းတွေးမိသည်ကာ မိမိအကိုဖြစ်သူဟုနာမည်သည် မိမိထက် တစ်လုံးပိုရှည်သောကြောင့် ပို၍ကောင်းကိုကောင်းရမည်ဟူ၍ပင် ။

ဖခင်ဖြစ်သူက လုဖုန်းအား အပေါ်ထပ်သို့ခေါ်သွားကာ သူ၏မေးခွန်းကိုအတန်ကြာမျှ အသေအချာစဥ်းစားကြည့်ပြီးနောက်

"ကိုကို့နာမည်မှာလည်း အဓိပ္ပာယ်ရှိတာပေါ့ ၊ ဒါပေမဲ့ ဒီမှာကျ ပြစရာပစ္စည်းအစစ်တွေမရှိတော့ အဆင်မပြေဘူး ၊ နောက်အပတ်  စနေတနင်္ဂနွေထိစောင့်နော် ၊ အဖေ သားတို့နှစ်ယောက်လုံးကို ခေါ်သွားပြီး ​ပြပေးမယ် "

ထိုအစီအစဥ်ကို အလွန်တရာ အလေးအနက်ထားခြင်းမျိုးမရှိသော်ငြား လုဖုန်း နားလည်ဟန်ဆောင်ကာ ခေါင်းညိတ်ပြလိုက်၏ ။ ဤသို့ဖြင့် နောက်အပတ်သို့ထိတိုင်ရောက်လာချေပြီ ။ ဖခင်ဖြစ်သူက လုဖုန်းတို့နှစ်ယောက်သားကို အိပ်ရာမှဆွဲထူကာ ခရီးထွက်ရန်ပြင်နေတော့သည် ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now