ဒီတစ်ခါတော့ နှစ်ယောက်လုံးဟာ အထိအတွေ့မှာ သာယာသွားကြတာမဟုတ်ပဲ သိပ်ချစ်သွားလို့ ခန္ဓာကိုယ်ချင်း ရင်းနှီးဖို့ကြိုးစားလာကြတာပါ ။

ဝမ်ရိပေါ်သူ့ကို ခါတိုင်းနဲ့မတူ နူးညံ့မှုတွေနဲ့ နမ်းရှိုက်နေတဲ့ ကိုကို့နှုတ်ခမ်းပါးလေးကို ပြန်နမ်းယူနေမိသည်။ ချစ်တယ်လို့အဖြေပြန်ပေးပြီးသွားတဲ့ ချစ်သူတွေပဲ။ အားနာစရာ ရှက်စရာမလိုတော့ဘူး။ အရာရာကို နှစ်ဦးသဘောတူပေါ့ ။

ရှောင်းကျန့်နမ်းရှိုက်နေရင်း ကောင်လေးငယ်ငယ်ရဲ့ ခါးကို အသာအယာမယူလိုက်တော့ အလိုက်သိတဲ့ ခန္ဓာကိုယ်လေးက ရှောင်းကျန့်ပေါင်ပေါ် အလိုက်သင့်လေး ပါလာခဲ့သည်။ ရှောင်းကျန့်ဟာ သူ့ခါးကျဉ်းကျဉ်းလေးကို ခွဖက်လာတဲ့ ကောင်လေးငယ်ငယ်ရဲ့ ခြေထောက်တွေကို အားပြုပြီး ရှောင်းကျန့် အနမ်းတွေကို ရှေ့ဆက်နေမိတော့ သူနဲ့အပြိုင် နမ်းယူနေတဲ့ ကောင်လေးငယ်ငယ်ကြောင့်လည်း အနမ်းတွေသည် ပိုပြီး သိပ်သည်းလာခဲ့သည်။

နမ်းရှိုက်နေရင်း နယ်ကျွံလာတဲ့ ရှောင်းကျန့်လက်တွေဟာ ဝမ်ရိပေါ်ရဲ့ ခါးနားက အိကျီစကို ဆွဲမပြီး နောက်ကျောပြင်တစ်ခုလုံးကို ပွတ်သပ်နေခဲ့သည်။ ထိမှတစ်ဆင့် နှုတ်ခမ်းထပ်က အနမ်းတွေကလည်း ဝမ်ရိပေါ်ရဲ့ လည်တိုင်နုနုထံ ခရီးဆက်ပြန်တယ်။

ရှောင်းကျန့်ပြုသမျှနုနေရတဲ့ ကောင်လေးငယ်ငယ်ကလည်း ရှေ့ဆက်လာတဲ့ ရှောင်းကျန့်အနမ်းတွေကို လက်သင့်ခံနေရပြီ ရှောင်းကျန့် လည်တိုင်ကို လက်တွေနဲ့ ထွေးဖက်ကာထားတယ်။

နှစ်ဦးသဘောတူအနမ်းတွေကို ရှေ့ဆက်နေရင်မှ ချစ်ခြင်းမေတ္တာတရားနောက်မှာ ပါလာတဲ့ အထိအတွေ့မှာ သာယာလာခြင်း။ ရှောင်းကျန့် ဘာမှတွေးမနေတော့ဘူး အဖြေရကာစ ချစ်ရသူလေးနဲ့ ခရီးအဆုံးထိသွားဖို့ပြင်တယ်။

" ငယ် "

နမ်းရှိုက်ရင်းတန်းလန်း အနမ်းတွေကို ရပ်တန့်ပြီး ဝမ်ရိပေါ်နာမည်ကို ခေါ်လာတဲ့ ရှောင်းကျန့်အသံက ရှတတ။ မျက်လုံးအကြည့်တွေက ရီဝေဝေ။

ရှောင်းကျန့်အကြည့်တွေ အပြောတွေကို နားလည်တဲ့ ဝမ်ရိပေါ်ဟာ ခေါင်းအသာငြိမ့်တယ်။

Love is Blind ( Completed  )Where stories live. Discover now