" Mr.V လာပြီကိုး "

ပြောပြောဆိုဆိုနဲ့ထိုင်ရာကနေ ထပြီး ပြုံးပြလာတဲ့ Mr.J ...။

Mr.J ကသူနဲ့စီးပွားရေးလုပ်ဖော်ကိုင်ဖက်ဆိုလဲမမှား လူတွေကတော့ Mr.Jလို့သာသိထားကြသည် သူနာမည်အရင်းက ဂျောင်ဟိုဆော့ ...။

" အွန်း ~ "

Mr.J သဘောကျမိတယ် သူရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ Mr.Vကို၊ လုပ်ဖော်ကိုင်ဖက်ဖြစ်လို့ ကပ်ဖားနေတာလဲမရှိသလို စကားကိုလဲလိုမှသာပြောတယ် တစ်ကယ့်ကို လူတွေပေးထားတဲ့ ရေခဲနှလုံးသားပိုင်ရှင် ဆိုတဲ့နာမည်နဲ့လိုက်ဖက်ပါပေ့ ...။

" အခုတခါလဲ ကျနော့်နဲ့အတူ အလုပ်လုပ်ဖို့ သဘောတူပေးတဲ့အတွက်ကျေးဇူးပါ "

" ဟုတ်ပါပြီ အလုပ်အကြောင်းဆွေးနွေးကြရအောင် Mr.J "

Mr.J နဲ့အလုပ်ကိစ္စဆွေးနွေးပြီး ကုမ္မဏီကိုလဲမသွားတော့ပဲ အိမ်ကိုပြန်အလာ ကြားလိုက်ရတဲ့စိတ်ညစ်စရာစကားတစ်ခွန်း ...။

" သူဌေးလေး သခင်လေးက ဘာမှမစားပါဘူး အစားစာသွားပို့တိုင်းလဲ ငြင်းလွှတ်တာချည်းပါပဲ "

" ဟူး အခု ခရုဆန်ပြုတ် လုပ်ပေးပါ အိမ်တော်ထိန်းအွန်း "

" ဟုတ်ကဲ့ပါ "

ဂျွန်က တစ်ကယ့်ကိုဂျစ်တူးလေးပဲ ...။

" ထယ် ပြန်လာပြီလား "

ပြေးလာပြီး လာဖက်တဲ့ဟန်နာ့ကိုတွန်းထုတ်လိုက်ရင်း ...။

" ဟန်နာ ကိုယ်တို့လမ်းခွဲကြရအောင် "

" ဘာ! "

" ဟုတ်တယ် ကိုယ်အခုမင်းအပေါ်ဘာခံစားချက္မှမရှိတော့ဘူး "

" ထယ် မနောက်နဲ့နော် ဟန်နာ့ကို ထယ်သိပ်ချစ်တာ ဟန်နာ့သိတာပေါ့ "

" မဟုတ်ဘူး ကိုယ်အခုချစ်နေတဲ့လူကဟန်နာမဟုတ်ဝောာ့ဘူး...တခြားလူ "

" အဲ့တာ ဂျောင်ကုမလား!! "

" အင်း ~ "

" ထယ် အဲ့ကောင်လေးအပေါ်စိတ်ယိုင်နေတာပါ ထယ်က ဟန်နာ့ကိုပဲချစ်တာလေ ဟုတ်တယ်မလား ဟင် "

ပြောရင်း မျက်ရည်တွေကျနေတဲ့ဟန်နာ့ကိုကြည့်ပြီး ...။

** တောင်းပန်ပါတယ် ဟန်နာ မင်းသာကိုယ်အနားကမထွက်သွားခဲ့ဘူးဆိုရင် မင်းကိုပဲကိုယ်ချစ်နေမှာပါ **

🚨 I Never Hate You 🚨Where stories live. Discover now