ဟန်နာက ဇွတ်လုပ်တက်တဲ့အကျင့်မရှိပဲ လွယ်လွယ်ပဲလက်လျော့ပေးတာကြောင့် သူစိတ်ထဲကနေကျေးဇူးတင်မိတာအမှန် ...။

" ဟန်နာ့ကို အရင်တုန်းကလိုမတားတော့ဘူးလား ထယ် "

" ဟန်နာ ~ "

" အင်း ဟန်နာလမ်းခွဲပေးပါ့မယ် ထယ် "

" ကျေးဇူးတင်ပါတယ် ဟန်နာ "

" ဟက် မလိုပါဘူး "

ပြောပြီး ဟန်နာက အဝတ်အစားတွေသိမ်းကာ ထွက်သွားခဲ့သည် မင်းကိုတစ်ကယ်ချစ်ပေးမဲ့သူနဲ့တွေ့ပါစေလို့ ဆုတောင်းပေးပါတယ် ဟန်နာ ...။

" သူဌေးလေး ခရုဆန်ပြုတ်ရပါပြီ "

" ပေး "

သူလဲ ဗန်းကိုကိုင်ပြီး ဂျွန်အခန်းရှေ့မှာရပ်လိုက်ကာ တံခါးခေါက်လိုက်သည် ...။

" မစားချင်ဘူး ပြန်ယူသွားပါ "

အခန်းထဲကနေ ထွက်လာတဲ့အသံဆာဆာလေးကြောင့် သက်ပြင်းချကာ ...။

" ဂျွန် ... "

" ထွက်သွား ခဗျားမျက်နှာကိုမမြင်ချင်ဘူး "

ကိုယ့်ကို အဲ့လိုတော့မညင်းဆဲပါနဲ့လား ဂျွန်ရယ် ...။

ငိုချင်တဲ့ စိတ်ကိုအတင်းမြိုသိပ်ရင်း ...။

" ဂျွန် အစားစားဖို့ လိုတယ်လေ "

ဂျွန်နဲ့တွေ့မှ ကိုယ့်ရဲ့စိတ်တွေဟာပျော့ညံ့လာတာကို ဂျွန်သိရင် လှောင်ရယ်နေမလား ...။

" မစားချင်ဘူးလို့ ပြောနေတယ်မလား "

ဂျွန် အိပ်နေတဲ့ ကုတင်ဘေးနားကိုသွားထိုင်လိုက်ပြီး ဆန်ပြုတ်တဇွန်းကိုသူ့ပါးစပ်ထဲထည့်ကာ ဂျွန်ကိုဆွဲထူလိုက်တော့ အားနည်းနေတာမို့ စွေ့ခနဲပါလာသည် ...။

ဂျွန်ရဲ့မျက်နှာကိုဆွဲမော့လိုက်ကာ စူပုပ်ပုပ်လေးဖြစ်နေတဲ့ဂျွန်ရဲ့နှုတ်ခမ်းတွေကိုဖိကပ်ပြစ်လိုက်သည် ...။

" အွတ် "

သူရဲ့ပါးစပ်ထဲကဆန်ပြုတ်တို့ကို ဂျွန်ရဲ့ပါးစပ်ထဲကို ကူးပြောင်းစေသည် ...။

နောက်တော့မှ နှုတ်ခမ်းကိုလွှတ်ပေးလိုက်သည် ...။

" မစားချင်ပါဘူးဆိုနေ ဘာလို့အတင်းလိုက်ကျွေးနေတာလဲ "

🚨 I Never Hate You 🚨Where stories live. Discover now