♡ Part - 4 ♡ { Warning 🚨 }

Start from the beginning
                                        

" ထယ်! ဒါ..ဒါဘာလုပ်နေကြတာလဲ ? "

" ဟန်နာ ~ "

ထယ်ယောင်းအလုပ်ပြီးတဲ့အချိန်မှာ ဟန်နာက ထယ်ယောင်းအိမ်မှာလိုက်နေမှာဆိုလို့ အိမ်ကိုခေါ်လာလိုက်သည် ...။

ဟန်နာနဲ့ထယ်ယောင်းက အထက်တန်းထဲကချစ်သူဖြစ်ခဲ့တယ် နောက်တော့ ဟန်နာက UK မှာ တက္ကသိုလ်သွားတက်ရမည်ဆိုပြီးထွက်သွားခဲ့တာ ...။

အဲ့တုန်းက သူမှအရူးလုံးလုံးကြီးကိုဖြစ်လို့ အခုတော့ သူမကပြန်လာပြီ ...။

" ဟန်နာ ပြန်လာတော့ ကိုယ်အရမ်းပျော်တယ် "

" ဟန်နာလဲ လွမ်းနေတာ ထယ်ရဲ့ "

ပြောပြီး သူရင်ခွင်ထဲတိုးဝင်လာတဲ့ဟန်နာ ...။

" အွန်း ခုနကမြင်ထားတာတွေကိုမေ့လိုက်တော့ ဟန်နာ "

" ဟန်နာ နားလည်ပါတယ် "

" ဒါကြောင့်မို့ ဟန်နာကိုချစ်ရတာပေါ့ မွ "

ဟန်နာရဲ့ပါးကို ထယ်ယောင်းကနမ်းလိုက်တာမို့ ဟန်နာပါးလေးမှာရဲခနဲ ...။

" ခဗျားက တစ်ကယ့်ကိုယုတ်မာတဲ့လူပဲ ကင် ထယ် ယောင်း "

ဆိုဖာပေါ်မှာကြည်နူးနေကြတဲ့ထယ်ယောင်းနဲ့ဟန်နာတို့ကို ဂျောင်ကု ချောင်းကြည့်နေခဲ့သည် ...။

နောက်ဆုံးတော့လဲ ဒီကောင်က ကျွန်သာသာပါပဲ ဟက် ...။

ဂျောင်ကု သူ့အခန်းထဲပြေးဝင်လိုက်တော့သည်၊ ဒီရင်ဘတ်ကြီးကနာကျင်ရတယ် ကျနော့်ဘဝကျမှဘာလို့ဒီလိုဖြစ်ရတာလဲလို့တွေးမိတိုင်း နာကျင်ရတယ် ...။

" ဟက် ဟား ဟား ဟား "

ခြောက်ကပ်စွာ အော်ရယ်ရင်း ဘယ်ကမှန်းမသိရောက်နေတဲ့ ကုတင်ဘေးကခုံပေါ်မှာကတ်ကြေးတစ်ချောင်း ...။

ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ်သတ်သေတာမှကောင်းအုန်းမယ် ...။

ကတ်ကြေးကိုဆွဲယူရင်း ဗိုက်ကိုထိုးမဲ့အလုပ် ...။

" ဂျွန်ဂျောင်ကု ဒါဘာလုပ်တာလဲ! "

" သတ်သေမလို့လေ "

ထယ်ယောင်း ဟန်နာအတွက်အခန်းပြင်ဆင်ခိုင်းလိုက်ပြီး ဂျောင်ကုအခန်းထဲဝင်လာလိုက်တော့ တွေ့လိုက်ရသည်က မနစ်မြို့စရာ ...။

ဂျွန် ပါးပြင်ပေါ်က မျက်ရည်တွေကိုတွေ့တော့ ဘာလို့မှန်းမသိ ဒီရင်ဘတ်ကြီးကအောင့်သက်သက်နဲ့ ...။

ဒါက ဂျွန်ကိုချစ်လို့မဟုတ်ဘူး ခဏတာစွမ်းလမ်းနေလို့ ဒါမဲ့လဲ ဂျွန်ငိုနေရင် သူရင်ဘတ်ကအောင့်သက်သက်ကြီး သူလဲအလိုလိုဝမ်းနည်းလာတယ် ဒါကအချစ်မှမဟုတ်တာ ခဏတာစွမ်းလမ်းမှုပဲလေ ...။

" ပေး အဲ့ကတ်ကြေးကို "

" ဟင့်အင်း "

" ဂျွန်! "

" ခဗျားက တော်တော်ယုတ်မာတဲ့လူ..ချစ်သူရှိရက်နဲ့ ကျနော့်ကိုကစားခဲ့တာပျော်မှပျော်ပါရဲ့လား "

" ဂျွန် တော်တော့ကွာ...ဂျွန်!!! "

ဂျောင်ကု ခေါင်းတွေအရမ်းမူးလာတာမို့ ထယ်ယောင်းရဲ့အော်သံကိုကွားတဈခက်ြမကွားတဈခကျြ နောက်တော့အရာအားလုံးဟာအမှောင်အတိ ...။

လေးလံနေတဲ့မျက်လုံးတွေ အားယူဖွင့်လိုက်တော့ အရင်ဆုံးမြင်လိုက်ရတာက မျက်နှာကျက်ဖြူဖြူ ရလိုက်သည့် ဆေးနံ့ ...။

" ဂျွန် သတိရပြီလား "

" အင်း "

ဂျွန် သူ့ကိုကြည့်နေတဲ့မျက်ဝန်းတွေကအေးစက်စက် ...။

" ဆရာဝန်ကပြောတာ ဂျွန်အားနည်းနေလို့တဲ့ ပြီးတော့ မောင့်ကိုလဲ ပြောသွားတယ် အကြမ်းပတမ်းမဆက်ဆံနဲ့တဲ့ "

" ................ "

ထယ်ယောင်း ပြောနေပေမဲ့ ဂျောင်ကုဘက်ကတုန့်ပြန်မှုမရှိ ...။

" ဂျွန် ဟန်နာပြန်ရောက်လာလဲ ဂျွန်က ကိုယ့်အပိုင်ပဲမို့ ဘယ်တော့မှထွက္သွားလို့မရဘူး "

" ဟက် "

ဂျောင်ကု နှုတ်ခမ်းတချက်တွန့်လိုက်ရင်း ...။

" ခဗျားက နှစ်ခွပဲ "

ထယ်ယောင်းက ဂျောင်ကုပြောလိုက်တဲ့စကားကြောင့် မျက်နှာပျက်သွားရသည် ...။

" ဂျွန် ကိုယ်အပြင်ခဏသွားလိုက်အုန်းမယ် မြန်မြန်ပြန်လာခဲ့မယ် ကောင်းကောင်းနေခဲ့ "

" အင်း "

ထယ်ယောင်း ဆေးရုံရဲ့ tolietကိုအမြန်ပြေးသွားလိုက်သည် ...။

အခုချိန်မှာ သူဝမ်းနည်းတာကလွဲလို့ ဘာမှမသိတော့ ...။

" ကိုယ်တော့ ဂျွန့်ကိုချစ်မိနေပြီထင်တယ် "

TBC

Thank For Reading...

အစစ်မ is coming 😜

အားဆေးလေးတွေများများပေး၊ မပေးရင်တော့ ရှင်တို့ကို တလလောက်ပစ်ထားပြစ်မယ်။😾💙

*Vote and Feedback*😞💙

🚨 I Never Hate You 🚨Where stories live. Discover now