♡ Part - 3 ♡ { Big Warning 🔞 }

Start from the beginning
                                        

ထယ်ယောင်း ဂျောင်ကုကိုသန့်ရှင်းပေးကာ ရေမိုးချိုးပြီး သူလဲပင်ပန်းသွားတာမို့ အိပ်လိုက်တော့သည် ...။

" အင်းးး "

ဂျောင်ကုနိုးလ‌ာတော့ ထယ်ယောင်းကအိပ်နေသည် ...။

ဒီလိုကျတော့လဲ ခဗျားကအရမ်းဖြူစင်တဲ့ဝက်ဝံပေါက်လေးလိုပဲ၊ ကျနော့်အဖြစ်ကို တွေးမိပြီးခဗျားကိုမုန်းချင်တယ် မုန်းသင့်တယ်မလား ...။

" မုန်းတယ်၊ ကျနော့်က ကိုကို့အတွက်ကျွန်သာသာပဲလေ ကိုကိုကကျနော့်ခန္ဓာကိုယ်ကိုပိုင်ပေမဲ့ ကျနော့်စိတ်ကိုမပိုင်ဘူး ဟက် ကျနော့်ဘဝက သူစိမ်းလူတစ်ယောက်ဆီမှာ ငွေကြောင့်အသိမ်းပိုက်ခံရတဲ့ ပြည့်တန်ဆာ တစ်ယောက်လိုပဲနော် "

ဂျောင်ကုပြောနေတဲ့ စကာ‌းတွေကြောင့် ထယ်ယောင်းရင်ဘက်ထဲဆစ်ခနဲ သူဒေါသထွက်တာလား ဝမ်းနည်းတာလားမသိ ...။

အမှန်တစ်ကယ်တော့ ဂျောင်ကု တအင်းအင်းတအဲအဲလုပ်နေတဲ့အချိန်ထဲက ထယ်ယောင်းနိုးနေတာ ...။

သူမျက်လုံးဖွင့်လိုက်တော့ အိပ်ရာပေါ်မှာဂျွန်မရှိတော့ဘူး၊ ခဏကြာတော့ ရေချိုးခန်းထဲကနေရေကျသံတွေနဲ့အတူ ကြားလိုက်ရတဲ့ရှိုက်သံတချို့ ...။

ဂျွန် ကိုယ့်ကြောင့်ငိုနေတာမလား အမှန်တိုင်းပြောရရင် ဂျွန်ငိုတာကို တစ်ကယ်မကြိုက်ဘူး ...။

ထယ်ယောင်းလဲ ကုတင်ပေါ်ကထကာ အခန်းထဲကထွက်လာလိုက်သည်၊ အခန်းအပြင်‌ရောက်တော့မှ ထိန်းချုပ်ထားသမျှမျက်ရည်တွေအားလုံးကို လွတ်လပ်ခွင့်ပေးလိုက်တော့သည် ...။

" ကိုယ်တော့ ဂျွန့်ကိုရူးရူးမူးမူး‌စွမ်းလမ်းမိနေပြီ ဂျွန်ရယ် အခုဆို  ဂျွန့်ကြောင့်ငိုတက်နေပြီ ဂျွန်ရဲ့ "

ဂျောင်ကုလဲ ရေချိုးပြီးတော့ ဟိုနေ့ကထယ်ယောင်းဝယ်ပေးထားတဲ့အဝတ်ကိုထုတ်ဝတ်လိုက်သည် ...။

" ဂျွန် ထမင်းစားရအောင် "

" Nae "

" ကိုကို့ ပေါင်ပေါ်လာထိုင် "

ထယ်ယောင်းကတောင်းဆိုတာမဟုတ် အသိပေးရုံသာ ဂျောင်ကုကို သူ့ပေါင်ပေါ်‌တင်လိုက်ပြီးညစာစားခြင်းကိုအဆုံးသတ်လိုက်သည် ...။

🚨 I Never Hate You 🚨Where stories live. Discover now