♡ Part - 2 ♡ { A Little Warning 🚨 }

Comenzar desde el principio
                                        

" ဟုတ် "

အခုဆို ဂျောင်ဂုစားဝတ်နေရေးအတွက်ကစိတ်ချသွားရပြီမို့ ဒီလုပ်အားခရတဲ့ပိုက်ဆံနဲ့ သူအကြွေးဆပ်နိုင်ပြီလေ...။

သူဒီမှာအလုပ်လုပ်တာ ၁လမပြည့်ခင် အကြွေးရှင်တွေက ဒီအိမ်ကိုရောက်လာကြတယ်...။

" ဟင့်အင်းနော် မလုပ်ပါနဲ့ ကျေးဇူးပြုပြီး၊ အကြွေးတွေကိုပြန်ဆပ်ပါ့မယ် "

ဂျောင်ကုရုန်းပေမဲ့မရ အင်အားချင်းမမျှတာ‌ကြောင့်ဘယ်လိုမှရုန်းလို့မရ သူဌေးလေးက‌လဲမရှိ...။

" တော်ကြစမ်း "

" သူ...သူဌေးလေး "

ဂျောင်ကုတိုးတိုးလေးရေရွတ်မိတယ်...။

" မင်းဝင်မပါစမ်းပါနဲ့ "

" အခုဂျောင်ကုကိုလွှတ်လိုက်စမ်း "

" ငါတို့ရဲ့အကြွေးကိုပေးမှ ဂျောင်ကုကိုလွှတ်မှာ "

" ဘယ်လောက်လဲ ပြော ငါပေးမယ် "

" ဟင် သူဌေးလေး "

" ဟဟ ကောင်းပြီလေ "

သူရဲ့အကြွေးတွေအားလုံးကို သူဌေးလေးကပေးလိုက်သည်...။

" နောက်တခါထပ်မလာခဲ့နဲ့ "

" လာပါဆိုရင်တောင်မလာတော့ဘူး "

ပြောပြီးထွက်သွားတဲ့ထိုလူတွေ...။

" ကျေးဇူးအများကြီး အများကြီးတင်ပါတယ် သူဌေးလေးရယ် "

" မင်းငါ့ကိုကျေးဇူးတင်ရင်ငါပေးလိုက်ရတဲ့အကြွေးတွေကိုပြန်ဆပ်ရမယ် "

" ဟုတ်ကဲ့ပါ "

" မင်းအကြွေးတွေအားလုံးကိုကျေချင်ရင် တော့... "

" ဟုတ် ပြောပါ ဘာလုပ်ခိုင်းခိုင်းလုပ်ပါ့မယ် "

" မင်းဒီစကားကိုအတည်ပြောနေတာလား "

" အတည်ပြောနေတာပါ "

သူရဲ့စကားဆုံးတော့ နှုတ်ခမ်းတချက်တွန့်လိုက်တဲ့သူဌေးလေး...။

"ဒီနေ့ကစပြီး ငါ့ကို ကိုကို လို့ခေါ်ရမယ် "

" ဗျာ "

ဂျောင်ကု ထိုစကားကြောင့်ကြောင်သွားသည်...။

" ဒီနေ့ကစပြီး မင်းကငါ့အပိုင်ပဲ "

🚨 I Never Hate You 🚨Donde viven las historias. Descúbrelo ahora