//Chapter 11.2//

Beginne am Anfang
                                    

သူစက္ကူကိုလုံးခြေလိုက်ပြီး ၎င်းကိုကျန်းယွမ်ပိုင်ရဲ့စားပွဲပေါ်သို့ ထပ်မံပစ်လိုက်ပြန်သည်။

ကျန်းယွမ်ပိုင်က ယင်းကိုလည်း အရင်စက္ကူလုံးနှင့်အတူ ထည့်ထားလိုက်သည်။

အခုက သင်္ချာချိန်ဖြစ်ပြီးတော့ သင်္ချာဆရာလျန်ရှိုးသယ်က စည်းကမ်းတင်းကြပ်တာကြောင့် နာမည်ကြီးလေ၏။ သူတို့ဘက်ကို သူလှမ်းကြည့်လိုက်တော့ ရှီပုဖန်က ကျန်းယွမ်ပိုင်၏လေ့လာမှုအား နှောင့်ယှက်နေတာကြောင့် သူမပျော်မရွှင်ဖြစ်သွားရသည်။ သို့ပေမဲ့ ကျန်းယွမ်ပိုင်က မလှုပ်မရှားနဲ့ထိုင်နေသေးတာကြောင့် လျန်လောင်ရှီးလည်း မျက်ကွယ်ပြုဖို့ဆုံးဖြတ်လိုက်သည်။

ရှီပုဖန်က သူ့ရဲ့စက္ကူလုံးနှစ်ခုလုံး တုံ့ပြန်မှုမရတဲ့အတွက် သက်ပြင်းချကာ သူ့နှလုံးသားထဲမှ ဒေါသထွက်နေတဲ့စိတ်အခြေအနေကို မနည်းသည်းခံထားရလေ၏။ သူနောက်တစ်ခုထပ်ရေးလိုက်ပြီး ယင်းကိုလည်းပစ်လိုက်သည်။
“ မင်းအတန်းပြီးတာနဲ့ ငါ့ကိုအရာအားလုံးရှင်းပြတာ ပိုကောင်းလိမ့်မယ်”

တတိယတစ်ခုကလည်း ထုံးစံအတိုင်း ကျန်းယွမ်ပိုင်ရဲ့ဘောပင်အိတ်ထဲထည့်သိမ်းခြင်း ခံလိုက်ရသည်။

သူက ရှီပုဖန်ကို တစ်ချက်လေးတောင် မကြည့်ဆဲပင်။

သို့သော်ငြား လက်တွေ့မှာတော့ ကျန်းယွမ်ပိုင်လည်း အနည်းငယ်နေရခက်နေသည်။ သူတို့ အတန်းလွှတ်မှ စကားပြောကြမယ်လို့ သူ ရှီပုဖန်ကို ပြောထားရက်နဲ့ ရှီပုဖန် သူ့စကားတွေကို မနာခံအောင် ဘယ်အရာကများလုပ်လိုက်ပါလိမ့်?

ရှီပုဖန်မသိပေ။

သူ့နှုတ်ခမ်းအားတင်းတင်းစေ့ရင်း ကျန်းယွမ်ပိုင်၏ခေါင်းနောက်ကို အမူအရာမဲ့စွာဖြင့် ကြည့်နေရင်း သူ့ရဲ့ကန့်သတ်ခံထားရတဲ့မှတ်ဉာဏ်ကနေ အချက်အလက်တစ်ခုခုများရမလားလို့ ကြိုးစားကြည့်ပေမဲ့ ဘာမှမထူးလေဘူး။

သူ ဘာအဖြေမှမရခဲ့ဘူး။

၎င်းကသူ့ကိုစိတ်တိုစေ၏။

ကျန်းယွမ်ပိုင် ရုတ်ခြည်းမတ်မတ်ထိုင်လိုက်မိသည်၊ ရှီပုဖန်က သူ့အားပုတ်နေတာကြောင့်ပင်။ သူမျက်မှောင်ကျုံ့ကာ ရှီပုဖန်အား ကြည့်ဖို့ အနောက်လှည့်ရန်မှတစ်ပါး ရွေးချယ်စရာမရှိခဲ့။ သူ နူးညံ့တဲ့အသံလေးဖြင့်မေးလိုက်သည်
“ ဘာဖြစ်လို့လဲ? ”

အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed) Wo Geschichten leben. Entdecke jetzt