အခု သူက ဘားတွင်အလုပ်လုပ်နေတာဖြစ်သည်၊ အတွေးတို့ကိုဖြတ်တောက်ရင်း ဗန်းလေးပိုက်ကာ လှည့်လိုက်လေတော့...။

" အင့် "

တိုက်မိသွားတဲ့ရင်အုပ်ကျယ်ကျယ် မော့ကြည့်မိတော့ ထိုလူရဲ့စူးရှရှမျက်ဝန်းတွေနဲ့ဆုံသည်...။

" တောင်း...တောင်းပန်ပါတယ် "

မြန်မြန်အကြည့်လွှဲရင်း အရိုအသေပေးကာကောင်တာဘက်လှည့်ပြန်လာလိုက်သည်...။

" ကိုယ်မင်းကိုစိတ်ဝင်စားသွားပြီ ကောင်လေး "

ထိုစကားကိုတော့ ဂျောင်ကုမကြားနိုင်တော့...။

*ဒေါက် ဒေါက်*

" ဟင် "

ဂျောင်ကုအလုပ်နားရက်မို့ အိပ်နေတုန်းတံခါးလာခေါက်တာကြောင့် ဖွင့်ပေးလိုက်တော့ ဟင်ခနဲ...။

ထိုသူတွေမှာအကြွေးရှင်တွေသာဖြစ်သည်...။

" ဂျွန်ဂျောင်ကု ဘယ်မှာလဲ ဒီလဆပ်မယ်ဆို "

" မပြေလည်သေးလို့ပါဗျာ အနူးအညွှတ်တောင်းပန်ပါတယ် တစ်နေ့နေ့တစ်ချိန်ချိန်တော့ဆပ်ပါမယ် "

" မရဘူး..! "

" တစ်ကယ်မရှိသေးလို့ပါဗျာ "

" ဆင်ခြေတွေငါတို့မလိုချင်ဘူး အကြွေးကျေချင်ရင်တော့ မင်းခန္ဓာကိုယ်ကိုပေးရမယ် "

ပြောလာပြီး သူ့ကိုဖမ်းချုပ်လာတဲ့လက်တွေ သူအတင်းရုန်းရင်း...။

" ဟင့်အင်းနော် မလုပ်ပါနဲ့ "

အားကုန်ရုန်းရင်းအိမ်ထဲကနေပြေးထွက်လာမိသည် ထိုလူတွေကလဲသူနောက်ကိုလိုက်လာသည်...။

" အာ့ "

ပြေးနေရင်း ကားတစ်စီးနဲ့တိုက်မိမလို ဖြစ်သွားတာကြောင့် အကူညီရလိုရငြား ခေါက်သွားတဲ့ခြေထောက်ကိုကိုင်ရင်း ထော့နဲ့ထော့နဲ့ဖြင့် ကားမှန်တံခါးကိုခေါက်လာသည်...။

" ကျနော့်ကိုတခုလောက်ကူညီပါဗျာ ကျနော့်ကိုဟိုလူတွေလိုက်နေလို့ အဲ့တာ..."

" ဟိတ်ကောင်လေး မရဘူး သူဌေးလေးပြောလိမ့်မယ် "

" လုပ်ပါဗျာ "

🚨 I Never Hate You 🚨Where stories live. Discover now