ကျန်းယွမ်ပိုင် စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်သည်။

သူ သင်္ချာအိမ်စာပြီးသွားလို့ ရှီပုဖန်ကိုလှည့်ပေးတဲ့အချိန်မှာ တစ်ဖက်လူကမေးလာခဲ့၏
“ ငါ နောက်ဆုံးကနေ ဒုတိယနေရာကိုရောက်နိုင်ဖို့ အခွင့်အရေးဘယ်လောက် လောက်ရှိလဲ? ”

ဒါကိုကြားလိုက်တဲ့အနီးအနားရှိ အတန်းဖော်တွေက အော်ရယ်လုနီးပါးဖြစ်သွားကြသည်။ ကျန်းယွမ်ပိုင်တောင်မှ မတတ်နိုင်ဘဲ ကြိတ်ပြုံးမိသွား၏။ သူက ဒီအရာဟာ တစ်ဖက်လူကိုမလေးစားရာရောက်တယ်လို့ တွေးလိုက်မိတော့ နှုတ်ခမ်းတွေကို ပြန်စိ၍ အားပေးလိုက်သည်
“မင်းသာကြိုးစားနေသရွေ့ 100% အခွင့်အရေးရှိတယ်”

ရှီပုဖန် ခေါင်းညိတ်လိုက်ပြီး စုန့်မော့ကို ရန်စတဲ့အကြည့်နဲ့ကြည့်လိုက်သည်။

စုန့်မော့က သူ့အကြည့်ကို လက်ခံရရှိလိုက်ပေမဲ့ သူစိတ်ထဲမထည့်ထားလေဘူး။ အဆုံးမှာတော့ ရှီပုဖန်က သူ့အဆင့်နဲ့ ဒုတိယနေရာထိ မြင့်တက်ချင်တယ်ပေါ့? ဟာသပဲ

ယဲ့လျန်က ဒီအကြောင်းတွေကိုချုံးကျင့်နဲ့မင်မိုင့်ကိုပြောပြတော့ နှစ်ကောင်သား အူလှိုက်သည်းလှိုက်ရယ်တော့သည်။
“တကယ်လို့ မင်းနောက်လဒုတိယရတယ်ဆိုရင် ငါမင်းကို ငါ့ခေါင်းပေးလိုက်မယ်! ”

ဤသို့ပြောပြီးတဲ့နောက် ချုံးကျင့်က ဒါကလုံလောက်ပြီလို့ မထင်တာမို့ ချက်ချင်းကျောင်းဖိုရမ်ကိုသွားလိုက်ကာ မဲပေးမှုတစ်ခုကို စတင်လိုက်ပြီး ခေါင်းစဉ်ကတော့ : ရှီပုဖန်က သူ့အသက်ကယ်တင်ရှင်နဲ့ တူတူထိုင်ချင်လို့ နောက်လစာမေးပွဲမှာ ဒုတိယနေရာရအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ငါကြားခဲ့တယ်။ မင်းတို့ကောင်တွေရော ဘယ်လိုထင်ကြလဲ?

ရွေးချယ်စရာ နံပါတ်တစ် : ရှီပုဖန်ကလား? မဖြစ်နိုင်တာ!

ရွေးချယ်စရာ နံပါတ်နှစ် : မသေချာနိုင်ဘူးလေ အဲ့ဒါကြောင့် အခုချိန်မှာတော့ ငါသူ့ကိုထောက်ခံပေးမယ်!

အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed) Donde viven las historias. Descúbrelo ahora