WBTY - 4

5.7K 720 38
                                    

'မတွေ့တာကြာပြီနော် Jimin Hyung'

ရင်းရင်းနှီးနှီးအသုံးအနှုန်းတွေနဲ့ စကားစမြည်ပြောဖို့ လမ်းစဖော်နေတဲ့ Jungkook ရဲ့ စကားကို Jimin ဘယ်လိုတုန့်ပြန်ရမလဲ မသိဘူးဖြစ်နေသည်။ နောက်တော့ သူက စိတ်ကိုငြိမ်ငြိမ်ထားလိုက်ပြီး သူ့ရှေ့က လူကို မော့ကြည့်လိုက်လေသည်။

'အင်း။ မတွေ့တာကြာပြီ Jeon Jungkook။'

Jimin က တမင်ကို နာမည်အပြည့်အစုံသုံးလိုက်သည်။ ဟိုးအရင်တွေကလို ရင်းရင်းနှီးနှီးခေါ်ဖို့တော့ မသင့်တော်ဘူးဟု ထင်တာကြောင့်။ သူ့ရှေ့မှာ သူ့ကို ပြန်စိုက်ကြည့်နေခဲ့တဲ့ Jungkook ကတော့ ပြုံးသွားသည်။

'ဒီအတောအတွင်း အဆင်ပြေရဲ့လား။'

'အဆင်ပြေပါတယ်။'

တစ်ယောက်တစ်ခွန်းအပြန်အလှန်ပြောနေကြရုံဖြစ်တဲ့ သူတို့စကားဝိုင်းက ခြောက်ကပ်ကပ်ရယ်ပါ။ Jungkook ဘက်ကတော့ သူမေးချင်နေတဲ့ အကြောင်းအရာတွေအများကြီးရှိသလို ပြောချင်တဲ့ စကားတွေလည်း အများကြီးပါပဲ။ ဒါပေမဲ့ သူက အခုမှ ပထမဆုံးမျက်နှာချင်းဆိုင် စကားပြောရတာဖြစ်တဲ့အတွက် Jimin ကို မလန့်သွားစေချင်ပါ။ ထို့ကြောင့် သူဟာ စကားတွေကို ဖြည်းဖြည်းချင်းစီပဲ ဆွဲယူဖို့ ကြိုးစားနေခဲ့ပါသည်။

'Hyung ကို ကျွန်တော် STAR A မှာ ပြန်တွေ့ရမယ်လို့ မထင်ထားခဲ့ဘူး မြင်မြင်ချင်းတုန်းက ကျွန်တော် တကယ်အံ့ဩသွားတာ'

'မင်းကို ဥက္ကဌရဲ့ သားမှန်း တကယ်မသိထားခဲ့ဘူး။ ငါလည်း အံ့ဩသွားတယ်။'

Jungkook ပြောနေသည်မှာ အမှန်တွေပေမဲ့ ဆိုလိုရင်းကိုတော့ Jimin က အဓိပ္ပါယ်တစ်မျိုး ပေါက်လိုက်သည်။ Jungkook က သူ ကောလိပ်နောက်ဆုံးနှစ်မှာ Jimin ကို STAR A channel က တက်သစ်စ အစီအစဉ်တင်ဆက်သူလေးတစ်ယောက်အနေနဲ့ ပထမဆုံး ပြန်တွေ့ခဲ့တာဖြစ်ပေမဲ့ Jimin ကတော့ Jungkook ကို သူရဲ့ အထက်လူကြီးအဖြစ်နဲ့သာ ပြန်တွေ့ခဲ့သာဖြစ်သည်။ ဒါကို Jungkook က ရှင်းပြမနေတော့ဘဲ ထပ်ပြုံးလိုက်သည်။

'ကျွန်တော် Hyung ကို လာနှုတ်ဆက်မလို့ပါပဲ။ အလုပ်တွေများနေတာနဲ့။'

'မလိုပါဘူး'

အတိတ်မှာ သူတို့ဘယ်လိုပဲ ရင်းနှီးခဲ့ပါစေ။ သူတို့ဟာ ငယ်ရွယ်ပြီး မရင့်ကျက်သေးတဲ့အချိန်တုန်းက ဖူးပွင့်ခဲ့ကြတဲ့ခံစားချက်ပန်းခင်းထဲ အတူ လျှောက်ဖြစ်ခဲ့ကြရုံသာ။ အချိန်တွေဟာ ကြာခဲ့ပြီ။ သူတို့ဟာ ထိုပန်းခင်းထဲက နှစ်ဦးသဘောတူ ခွဲထွက်လာပြီးဖြစ်သလို အသက်တွေလည်းကြီးကာ ရင့်ကျက်သင့်သလောက်လည်း ရင့်ကျက်နေပြီဖြစ်ပြီး မတူညီတဲ့ ဘဝတက်လမ်းတွေကို ကိုယ်စီလျှောက်နေကြတဲ့ သူတွေလည်းဖြစ်ကြသည်။ ပြီးတော့ ပြန်ဆုံပြီးပြီးချင်းမှာပဲ ကိုယ့်ရဲ့ အားနည်းတဲ့ပုံစံကို မြင်သွားစေခဲ့သေးသည်။ ထိုကိစ္စကြောင့် သူနဲ့ ထပ်မဆုံချင်လောက်ကို ဖြစ်နေခဲ့လျက်က ကံကြမ္မာက သူ့ကို မျက်နှာသာမပေး။ သူတို့နှစ်ယောက်ဟာ သာမန်ဖြတ်သွားဖြတ်လာရင်းကြုံကြိုက်မိကြသလို ရိုးရှင်းစွာနှုတ်ဆက်ရုံနဲ့တင် လုံလောက်နေပြီပဲ မဟုတ်လား။

Way Back To You (completed)Where stories live. Discover now