🌟Note

206 12 10
                                    

[Unicode]

ဒီwebtoonလေးက နွားကျောင်းသားလေးနဲ့ နတ်သမီးလေးပုံပြင်ကို SEပုံစံပုံဖော်ထားတာပါ။
နွားကျောင်းသားလေးနဲ့ နတ်သမီးလေးပုံပြင်က အမျိုးမျိုးရှိပါတယ်။
အဲ့ထဲမှာမှ ကျီးနွီးပါတဲ့တစ်ခုကို Hannah copyယူပြီးပြန်editထားပါတယ်😗
#crd

💙Zhinu (ကျီးနွီ) လို့ အမည်ရတဲ့ နတ်သမီးလေး တစ်ပါး လေးဟာ နတ်ပြည်မှာ နေရတဲ့ ဘဝကို ငြီးငွေ့နေတဲ့အတွက် လူ့ပြည်ကို ဆင်းလာပါတယ်။

💙ဒီလိုနဲ့မမျှော်လင့်ပဲ ရိုးသားတဲ့နွားကျောင်းသားလေး Niulang (နယိုလန်) နဲ့ ချစ်ကြိုက်သွားကြပါတယ်။

💙 Niulang နဲ့ Zhinuတို့၂ဦးဟာဘဝတစ်ခုအတူတူထူထောင်ပြီး  သားသမီး နှစ်ဦး ထွန်းကားကာ ပျော်ရွှင်တဲ့မိသားစုလေးဖြစ်လာတာပေါ့။
💔တစ်နေ့မှာတော့ နတ်မင်းကြီးဟာ သူတို့အကြောင်းကိုသိသွားခဲ့တယ်။နတ်မင်းကြီးဟာ  သမီးတော်  ZhiNu ကို အင်မတန် ချစ်မြတ်နိုးတဲ့အတွက် လူ့ပြည်မှာ လူသားနဲ့ ဘဝတစ်ခု ထူထောင်ဖို့ အတွက်ကို လုံးဝ သဘောမတူပါဘူး။ ဒါကြောင့် မရရတဲ့နည်းနဲ့ နတ်သမီးလေး Zhinu ကိုပြန်ခေါ်ပါတယ်။

💔ဒီလိုနဲ့ Zhinu ခမျာ ချစ်ရသူနဲ့မိသားစုကို ခွဲခွာလို့ ကောင်းကင်ဘုံပေါ် ပြန်လည် ရောက်ရှိသွားပါတယ်။
💙Niulang ဟာ ချစ်ရသူ Zhinu ကို ပြန်ရဖို့ လုံးဝလက်မလျော့ဘဲနည်းအမျိုးမျိုး ကြိုးစားပါတယ်။လူသားဖြစ်နေတော့ ဘယ်လိုမှအထမမြောက်ခဲ့ဘူးဖြစ်နေခဲ့တယ်လေ
💙သို့ပေမယ့်လဲ  သူ့မွေးထားတဲ့ နွားလေးဟာ သူ့ကိုအကူညီပေးနိုင်တဲ့သူဖြစ်နေခဲ့တယ်

💔နွားလေးဟာ သူ့အရေခွံကို Niulang ခြုံထားရင် မိုးပေါ် ပျံနိုင်ကြောင်းပြောပါတယ်။
Niulangဟာ သူရဲ့ နွားလေးကို မသတ်ရက်ပါဘူး။ နောက်ဆုံးတော့လဲသူချစ်တဲ့ နွားကိုဝမ်းနည်းစွာပဲ သတ်လိုက်ရပါတယ်။
💙နောက်တော့သူမိုးပေါ်ပျံနိုင်သွားပြီး သူ့ချစ်သူ နတ်သမီးထံသို့ကလေး ၂‌ေယာက်နဲ့အတူခိုးခိုးတွေ့တာပေါ့။
ဒီလိုနဲ့ခိုးတွေ့တာကိုနတ်သမီးမယ်တော်ကြီးဟာ  သိသွားပြန်ပြီးတားမြစ်ဖို့အတွက် ကြံစည်ပါတော့
တယ်။(ဒီအဘိုးကြီးနဲ့အဘွားကြီးကတော့😒)

The 7th Of July(Mm Translation)Where stories live. Discover now