❤️ Explanation(Unicode)

307 22 5
                                    

#crd Venus May

ဒီExplanationက Hannahနဲ့venus mayရဲ့အမြင်၂ခုကိုပေါင်းထားတာပါ။

"နတ်ဘုရားဟာ ခံစားချက်တွေရှိလို့မရဘူး"

ယွဲ့လောင်နှင့်ကျီးနွီးတို့နှစ်ဦးက ငယ်သူငယ်ချင်းနတ်ဘုရားများဖြစ်ကြတယ်~~
အတူတူကြီးပျင်းလာတာနဲ့အမျှ အိုးချင်းထိအိုးချင်းငြိ ဆိုသလို လက်ထပ်ဖြစ်ခဲ့ကြတယ်~~{သူငယ်ချင်းအချစ်ထက်မပိုခဲ့ဘဲနဲ့ပေါ့)

တစ်နေ့တော့ကျီးနွီးဟာ ရှင်းကျွင်း(xing Jun)ကိုမေတ္တာသက်ဝင်ခဲ့တယ်။
အဲ့လိုတားမြစ်ထားတဲ့ကိစ္စပေါက်ကြားသွားပြီးနောက် ရှင်းကျွင်းဟာနွားကျောင်းသားအဖြစ်ရာထူးကျသွားခဲ့တယ်
နောက်တော့ ကျီးနွီးဟာ သူမနဲ့ရှင်းကျွင်းကို ကြိုးနီးချိတ်ဆက်ပေးဖို့ ယွဲ့လောင်ကိုတောင်းဆိုတယ်(∆တမျိုးပြောရရင် လက်ထပ်ပေးတာ)

ယွဲ့လောင်ကလဲ တားမြစ်ထားတဲ့ကိစ္စကိုဘယ်လုပ်ချင်ပါ့မလဲ။နောက်ဆုံးတော့လဲ ချိတ်ပေးလိုက်ရတာပေါ့~~အဲ့ဒါနဲ့ပဲ ကျီးနွီးဟာလူ့ပြည်ဆင်းပြီး ရှင်းကျွင်းနဲ့တစ်အိုးတစ်အိမ်ထူထောင်ကြတာပေါ့ကွယ်~~

(∆အဲ့အပိုင်းနားမှာ ယွဲ့လောင်ရဲ့မျက်နှာအမူအရာက ကျီးနွီးကို တားမြစ်ထားတဲ့အရာမလုပ်စေချင်လို့ဖြစ်သွားတဲ့ အမူအရာမျိုးပါ နတ်ဘုရားဟာခံစားချက်မရှိရဘူးဆိုတဲ့အတွက် Jဝင်တာတော့မဖြစ်နိုင်ဘူးလို့ထင်ပါတယ်😅)

နတ်ပြည်မှာတစ်ရက်လူပြည့်မှာတစ်နှစ်ဆိုတဲ့အတိုင်း ကျီးနွီးကလေးတွေတောင်မွေးပြီးမှ မယ်တော်ကြီး(∆Engကတော့Queenလို့ပဲရေးထားပါတယ်) ကကျီးနွီးလူ့ပြည်ဆင်းသွားတာကိုသိသွားတဲ့အတွက် ယွဲ့လောင်ကိုဆင့်ခေါ်ပြီး အသာတကြည်ဝန်ခံခိုင်းတာပေါ့။
ယွဲ့လောင်ကလဲ သူ့bffကြီးအတွက် သူ့ကိုယ်သူအနစ်နာခံပြီး "မသိပါဘူး"လို့လျှောက်တင်လိုက်တော့ မယ်တော်ကြီးဒေါပွပြီး အပြစ်ဒဏ်ချမှတ်လိုက်တယ်။ နောက်တော့ ကျီးနွီးကိုပြန်ခေါ်ဖို့လုပ်တော့တာပေါ့ကွယ်

(∆ဒီနားမှာ ကိုယ်ရောvenusရော ထင်တာကတော့ အဲ့အဖြစ်အပျက်တွေပြီးနောက်
ယွဲ့လောင်ကို
"ကြွေလွင့်ပျက်သုန်းသဲ စ မှုန်"ဆေးရည်ကို မယ်တော်ကြီးက အပြစ်ဒဏ်အနေနဲ့သောက်ခိုင်းလိုက်တယ်လို့ထင်တယ်)
____________________________________

The 7th Of July(Mm Translation)Kde žijí příběhy. Začni objevovat