ep-01

7.8K 457 189
                                    

Zawgyi //

" မောင် "

ကော်ဖီပန်းကန်ကိုသူ့ရှေ့ချပေးပြီးတာနဲ့ မောင်ကမသိချင်ဟန်ဆောင်ပြီး counter ကိုပြန်သွားလေရဲ့ ။

" အဟက်.. "

မောင့်ရဲ့အမူအယာကိုသဘောကျလွန်းလို့ အသံထွက်ပြီးရယ်လိုက်မိတယ် ။ မောင်က ဆွဲဆောင်မှုသိပ်ရှိတာပဲ ။

သူ့ကိုနောက်ခိုင်းပြီးထွက်သွားတဲ့ကျောပြင်ကျယ်နောက်ကိုလိုက်သွားပြီး counter ရှေ့ကစားပွဲမှာပဲ မောင်နှင့်မျက်နှာချင်းဆိုင်ထိုင်လိုက်သည် ။

နီယွန်မီးသီးတွေလင်းတဲ့ညဦးမှာ ကော်ဖီဆိုင်တစ်ခုထဲမှာ မောင်နဲ့သူနဲ့နှစ်ယောက်တည်းဆိုတဲ့အသိက သူ့စိတ်ကိုသိသိသာသာလှုပ်ရှားစေတယ် ။

" ခေါ်နေတာကို ဘာလို့မထူးတာလဲ ။ မောင် ကိုယ့်ကိုစိတ်ဆိုးနေတာလား "

" ခင်ဗျားကော်ဖီသောက်ဖို့လာတာမလား ။ ကျွန်တော်ဆိုင်ပိတ်တော့မှာမို့ မြန်မြန်သောက်ပြီးပြန်တာကောင်းမယ်ထင်တယ် "

အဲ့ဒီခပ်စွာစွာနှုတ်ခမ်းပါးလေးကို တစ်နေ့နေ့တော့သေချာပေါက်အပြစ်ပေးပစ်ဦးမယ် ။

" ဟက်.. ကော်ဖီဆိုင်သူဋ္ဌေးကလည်း စိတ်ပုပ်လိုက်တာ ။ စားသုံးသူကိုဒီလိုပဲဆက်ဆံတာလား "

လက်ထဲကကားသော့ကို လှည့်ပြီးကစားရင်း မျက်ခုံးတစ်ဖက်ပင့်ကာပြောတော့ မောင်ကစိတ်မကြည်သည့်ပုံနှင့်လှမ်းကြည့်သည် ။

" ခင်ဗျားအချိန်တွေတော်တော်အားနေလား "

" ဘာလို့လဲ ။ ကိုယ်အားတယ်ဆို မောင်က ကိုယ်နဲ့နှစ်ယောက်တည်း date မလို့လား "

အထက်စီးဆန်ဆန်စကားတွေနဲ့ အချိုးမပြေတဲ့ထိုလူကို ဂျောင်ကုကြည့်လို့မရနေပါ ။ အထူးသဖြင့် ထိုလူ၏နှုတ်မှခေါ်သော မောင်"ဆိုသည့်နာမ်စားကို သူလုံးဝမကြိုက်ပါ ။

" လဲသေလိုက် "

ပစ်ပစ်နှစ်နှစ်ပြန်ပြောတဲ့မောင့်စကားကို အားရပါးရရယ်လိုက်မိသည် ။ မောင့်စကားတိုင်းက ကိုယ့်နားထဲမှာချိုမြိန်နေတော့လည်း အခက်သားပဲမောင်ရယ် ။

IF YOU LOVE ME.... ( Completed )Where stories live. Discover now