​​သော်တာယံက ​သေချာရှင်းပြလာ​တော့

"ဒါဆို ဘာလို့ ငါ့ကိုလူ​ဇော် ဖြစ်ချင်​နေတာလားလို့ ​ပြောတာလဲ ။ငါကလည်း သူ့သိက္ခါ အတွက်လုပ်​လိုက်မိတာ​​လေ။ ဘာလို့ ငါ့ကိုအပြစ်တင်ရတာလဲ"

ကျွန်​တော်လည်း မွန်းကြပ်စွာ သိမ်းဆည်းထားရတဲ့ စကားလုံး​တွေကို ဖွင့်ထုတ်​အော်​ကြွေးလိုက်မိတယ်။
မင်းဆက်က ကျွန်​တော့်ပုခုံးတစ်ဖက်ကို ဖိကိုင်လာရင်း

"မင်းလည်း ဒီ​ခေတ်အကြောင်းသိတာပဲကွာ
သူကလူ​တွေကို ဂရုမစိုက်သလို​နေပြတတ်တာက သူ့
အကျင့်ပဲ​လေ။ သူ့ရင်ထဲမှာ မင်းကိုစိုးရိမ်​နေတယ်။
ဒါ​ပေမယ့် သူ့စိုးရိတ်စိတ်ကို အခြားသူကို ဘယ်လိုချပြရမှန်းသူမသိတော့ စကား​တွေက နားလည်မှုလွဲစရာဖြစ်ကုန်​တာ​ပေါ့"

ဒါဆို ဒီ​​ခေတ်က ဟိုတစ်​ယောက်ကိုကြိုက်လို့ မဟုတ်ဘဲ ကျွန်​တော့်ကို စိတ်ပူ​ပေးခဲ့တာ​ပေါ့။
​ခေတ်ရယ် ငါမင်းကို နားလည်နိုင်ဖို့ ကြိုးစားရအုံးမှာပဲ။ ငါမင်းစိတ်ကို နားမလည်ဘဲ မင်းကို ​ဒေါသထွက်မိတာ ​တောင်းပန်ပါတယ်။
ခဏက​ ဒီခေတ် ဘာလို့ စိတ်တိုသွားတယ် ဆိုတာကို နားလည်သွားတာမို့ ဒီ​ခေတ်​နောက်လိုက်ကာ ရှင်းပြဖို့
အ​ပြေးသွားလိုက်​တော့သည်။
​နောက်က​နေ ​သော်တာယံနဲ့ မင်းဆက် လှမ်း​အော်​နေတာ​တွေလည်း မကြား​တော့​ပေ။

ကိုးတန်း​​ဆောင်ရှိရာဆီအလျင်မြန်​ပြေးသွားပြီး
ဒုတိယထပ်က ကျွန်​​တော့်တို့အခန်းရှိရာဆီ ​လှေကားထစ်​တွေ​ကျော်တက်ကာ တစ်​ယောက်​သောသူကိုရှာ​ဖွေ​နေမိတယ်။ အခန်းထဲ ကြည့်​တော့လည်းမ​တွေ့တာမို့ ​ကော်ရစ်တာတစ်​လျှောက်​ပြေးလွှား​​နေမိတယ်။
​အခြားသူ​တွေ၀င်တိုက်မိတာလည်း​sorryလို့သာ ပြန်​အော်ထားနိုင်ခဲ့တယ်။
​နောက်ဆုံး​တော့ ​တွေ့ပါပြီ ​အ​​ဆောင်နှစ်ခုကူးတဲ့ လမ်း
စင်္ကြာန်က ခုံ​လေးမှာ ​လမ်းဘက်ကို​နောက်​ကျော​ပေးထိုင်ကာ ပုံဆွဲ​နေတဲ့ သူရဲ့  ချစ်ရသူ​​လေး။

သူ့​ဆီမသွား​သေးဘဲ ​နောက်နားမှားရပ်ပြီး အ​မော​ဖြေပြီးမှ သူ့​ဘေး၀င်ထိုင်လိုက်တယ်။
တစ်ချက်လှည့်ကြည့်လာပြီးမှ ကျွန်​တော်မှန်းသိ​တော့
ဆွဲလက်စ စာအုပ်ကို ပိတ်ကာ ထွက်သွားဖို့လုပ်တာမို့
လက်​ကောက်၀တ်​လေးတစ်ဖက်ကို ခပ်တင်းတင်း​လေးလှမ်းဆွဲလိုက်ရတယ်။
ကျွန်​တော့်ကို စိတ်ဆိုး​နေတုန်းထင်ပါတယ် မျက်နှာ​လေးက နီရဲ​နေကာ ကျွန်​တော့်ကိုလည်း မကြည့် ​ခေါင်းငုံ့ကာ ကြမ်းပြင်သာ စိုက်ကြည့်​နေတယ်။

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now