အခုသူကပြန်စိတ်​ကောက်​နေတယ်ဆို​တော့ ကိုယ်က ဘာကို​ချော့လို့​ချော့ရမှန်းမသိ​ပေ။ ကိုယ်စိတ်ဆိုးဖို့ ပြင်ထားတာ​တောင် ဘယ်ဆီလွင့်သွားမှန်းမသိ​တော့။

ကျွန်​တော်လည်း သူနဲ့ အခုလို စကားမ​ပြောဘဲ​နေရတာ အထီးကျန်​ရတယ်။ သူ​ပျော်မယ်ဆို ကျွန်​တော်ဘာမဆို လိုက်​လျော​ပေးမယ်လို့ ​တွေးလိုက်တာမို့ ​

"ဒီ​ခေတ် ​မ​နေ့က ငါမှားသွားတယ်
​နောက်ဆို မင်းကိစ္စ​တွေကို ငါ့သ​ဘောနဲ့ငါ ၀င်မစွက်ဖက်​တော့ဘူးလို့ ကတိ​ပေးတယ်။ မင်းဆီ​ကို ဘာပဲ​ပေးခိုင်း​ပေးခိုင်း ယူလာခဲ့​ပေးမယ် ဟုတ်ပြီလား။
ဒါ​ကြောင့် ငါ့ကို စိတ်ဆိုးမ​နေပါနဲ့​​တော့"

မျက်နှာလွှဲထားတာမို့ ​ဘေးတစ်​စောင်း​လေးသာမြင်ရတဲ့ သူ့မျက်နှာ ​ဖွေး​ဖွေး ​လေးကို ကြည့်ပြီး​ပြောလိုက်​တော့

"ဒါ​ပေါ့ မင်း​သေချာ​ပေါက် ယူ ..လာ​..ပေးသင့်တာ.."

ကျွန်​တော့်မျက်၀န်း​တွေကိုစိုက်ကြည့်ကာ ခပ်မဲ့မဲ့ မထီပြုံး တစ်ခုနဲ့ တစ်လုံးချင်း ​ပြောပြီး ထထွက်သွား​သော
​ကျောပြင်ငယ်​လေးကို ​ငေးရင်း နားမလည်နိုင်စွာ ​ကျန်ခဲ့ရတာက  ကျွန်​တော်ပင်။ 

"​​နှောင်းရိပ်ရယ် မင်းကို ပိန်းဥ လို့​ပြောရင်လည်း ငါတို့အလွန်ဖြစ်အုံးမယ်"

​ခေါင်းအသားရယ်ရင်း ​မင်းဆက်က​ပြော​တော့ ​သော်တာယံကပါ

"မင်းတို့နှစ်​ယောက်နဲ့​တော့ တကယ်ပဲကွာ တစ်​ယောက်က တုံးပြီဆိုနှစ်​ယောက်မရှိဘူး။ ​နောက်တစ်​ယောက်ကလည်း စိတ်က လက်တဆစ် စကား​ပြောရင် ​ပြောချင်တာကတစ်မျိုး ​ပြောတာကတစ်မျိုး အချိုးမ​ပြေ နဲ့ ။"

သူတို့​ပြောတာကိုနားမလည်သလို ကြောင်​​တောင် ဖြစ်နေတဲ့ကျွန်​တော့်ကို စိတ်မရှည်ဘူးဆိုတဲ့ ပုံစံနဲ့ သက်ပြင်းချကာ

" ဒီ​ခေတ်က မ​နေ့က မင်းကို​ပြောလိုက်တာက အဲ့စာကို လက်ခံထားလိုက်ရင် မင်းမထိခိုက်​တော့ဘူး​လေ။
သူ့​ကြောင့်မင်းရုံးခန်းမှာ​ခေါ်ဆူခံရတယ်ဆို​တော့ သူလည်း စိတ်မ​ကောင်းဖြစ်​နေတာ။ "

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now