Part 1😍

37K 1.4K 30
                                    


ရှောင်ကျန့်ဆိုတဲ့ ကျွန်တော့မှာမိဘတွေမရှိတော့ပေမယ့် ချစ်ရတဲ့ ကျန်ရန်လီဆိုတဲ့ အမတစ်ယောက်ရှိပြီးအေးချမ်းတဲ့ဘဝလေးပိုင်ဆိုင်ထားပါတယ်

ကျဲက ကုမ္ပဏီတစ်ခုမှာ စားရေးအလုပ်လုပ်နေပြီး ကျွန်တော်ကတော့ ကျွန်တော့သူငယ်ချင်းရဲ့ Tea center လေးမှာအချိန်ပိုင်းလုပ်တယ်

ညနေ 5နာရီဆိုတဲ့အချိန်က ကျွန်တော်အချိန်ပိုင်းအလုပ်ပြီးလို့အိမ်ပြန်တဲ့အချိန်ပေါ့
အဲ့အချိန်ဆိုကျဲလည်းကုမ္ပဏီကပြန်ရောက်ပြီလေ

"ကျဲ သားပြန်ရောက်ပြီ"
"သြော် ကျန့်ကျန့် လေးပြန်လာပြီလား လာခနထိုင်အုံး ကျဲ့ကျန့်လေးအတွက်သံပုရာရေလေးသွားယူခဲ့မယ်"

"ဟုပ်"
ကျဲကညနေတိုင်း သူ့ idol ရဲ့ဇာတ်ကားကိုကြည့်တယ်လေ ဘာတဲ့ သူ့နာမည်တောင်
ဝမ် ဘာလုပ်တယ်ဆိုလား
သူ့ကိုကျဲကအရမ်းကြိုက်တာ

"ကဲ ရော့ကျန့်လေးဖျော်ရည်ရပြီ"
"ဟုပ်ကျဲ ဒါနဲ့ညစာစားပြီးပြီလား"
"ဟင့်အင်းမစားရသေးဘူး ရိပေါ်ရဲ့ ဇာတ်ကားလေးကြည့်ပြီးမှစားတော့မယ်
ကျန့်လေးဆာရင်စားနှင့်လေ"
"ဟင့်အင်းမဆာသေးဘူး ကျဲနဲ့မှအတူစားမယ်လေအခုတော့ရေသွားချိုးလိုက်အုံးမယ်"

"အေးအေး မြန်မြန်ချိုးနော် နေမကောင်းဖြစ်မယ်"
"ဟုပ်"

ကျန်းရန်လီ ရှောင်ကျန့်ကိုအရမ်းဂရုစိုက်ပါတယ် ဘာလို့ဆို ရှောင်ကျန့်က ထိခိုက်လွယ်တယ် ငယ်ငယ်ကတည်းက ကျန်းမာရေးချို့တဲ့တာကြောင့်ပါ

🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤

တရုတ်နိုင်ငံရဲ့တတ်သစ်စမင်းသားဝမ်ရိပေါ်ဆိုတာနဲ့ မိန်းကလေးအများစုရဲ့အသဲကိုဖမ်းစားထားသူမှန်းလူတိုင်းသိကြသည်

ဒီနေ့ဝမ်ရိပေါ် သူ့ပါးအတွက်မွေးနေ့လက်ဆောင်လေးဝယ်ချင်လို့ လူတွေမရိပ်မိအောင် နေကာမျက်မှန်နဲ့ Mask ကိုတပ်ပြီး
ဦးထုတ်လည်းဆောင်းခဲ့လိုက်သည်

တချို့ကတော့ နာမည်ကြီးတာကိုသဘောကျကြသည်
ဒါမဲ့ ဝမ်ရိပေါ်ကတော့ စိတ်ပျက်လွန်းသည်
အခုလည်း Shopping mall ထဲမှာ လူတွေသူ့ကိုသတိမထားမိအောင်နေရသည်

ဝမ်မင်းသားရဲ့အချစ်တော်🔞(completed)Where stories live. Discover now