chapter (28)

Beginne am Anfang
                                    

ဘာကြောင့် သူမပုံစံကအရမ်းစိတ်ဓာတ်ကျသလိုဖြစ်နေရတာလဲ?!!!!!

လူရွေးပွဲကပြန်လာတဲ့ မင်းရဲ့ ခံစားချက်ကို ဘာလို့ ဒီပုံစံကြီးဖြစ်နေရတာလဲ မင်းမအောင်မြင်ခဲ့ဘူးလား ?!

Zheng Rou တစ်ယောက် Shen Yan ဆီကမျက်နှာမလွှဲနိုင်ဖြစ်သွားရတယ်။

" မင်း တစ်ယောက်ယောက်နဲ့ အဆက်အသွယ်ရှိနေလို့ လူရွေးပွဲအောင်မြင်ခဲ့တာလား? "

အဆက်အသွယ်?ဘာအဆက်အသွယ်လဲ?

Meng Yi'an နဲ့အဆက်အသွယ်လား?

Shen Yan ကဝမ်းနည်းတဲ့ဟန်နဲ့ပြောလိုက်တယ် ။

" ဒီကိစ္စကြောင့်မဟုတ်ပါဘူး ၊ ကျွန်မအရွေးခံရတယ်ဆိုတာ ကျွန်မမျက်နှာကြောင့်လေ "

Shen yan ပြောနေရင်းနဲ့ပဲ သဘောတူစာချုပ်လက်မှတ်ထိုးရမဲ့ကိစ္စအကြောင်းကိုသတိရသွားတယ် ။

"အမ Zhou နောက်နေ့ကျရင် သဘောတူစာချုပ်လက်မှတ်ထိုးဖို့သွားရအောင်"

သဘောစာချုပ်လက်မှတ်ထိုးပြီးတာနဲ့ သူမက Meng Yi'an ရင်းနှီးမြှုပ်နှံထားတဲ့ဒရမ်မာမှာ တရားဝင်သရုပ်ဆောင်တစ်ယောက်ဖြစ်လာလိမ့်မယ် ။

Zhou Ruo က လှောင်ပြောင်ရယ်မောလိုက်ပြီး Shen Yanရဲ့နောက်ကျောကိုပုတ်လိုက်တယ် ။

" နင်တို့မသိလောက်ပေမဲ့ Shen Yan က Talent showအစီအစဉ်တွေမှာ ပါဝင်ခဲ့ဖူးတယ်လေ ၊ဒီတော့ သူမသာ လူရွေးပွဲမှာအောင်မြင်ခဲ့ရင် အဲ့ဒီအစီအစဉ်တွေမှာ မပါဝင်နိုင်လောက်တော့ဘူးလို့ထင်ပြီးစိုးရိမ်နေတာ ။ ကဲ ကြည့်လေ ငါနင့်ကိုမပြောခဲ့ဘူးလား scheduleတွေနဲ့ တိုက်မနေပါဘူးဆို "

Shen Yan က အတင်းကြိတ်မှိတ်ပြုံးလိုက်ပြီး

" ဒါပေါ့ အချိန်တိုက်မနေပါဘူး "

တခြားအေးဂျင့်တွေက Shen Yan ' Life Together ' ဇာတ်လမ်းမှာ အရွေးချယ်ခံလိုက်ရတဲ့ အနုပညာရှင်တစ်ဦးဖြစ်တာကြောင့် သူမရဲ့ ပျော်ရွှင်နေမယ့်မျက်နှာကိုမြင်တွေ့ဖို့စောင့်နေပေမယ့် အဲ့ဒီအစား သူမရဲ့စိတ်မပါလက်မပါ မျက်နှာကိုသာမြင်တွေ့လိုရတယ် ။

Wang Peng ကတော့ အပြုံးတုကိုဆက်လက်ထိန်းထားချင်စိတ်မရှိတော့ဘူး။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Wo Geschichten leben. Entdecke jetzt