"သားရယ် ​​ဆောင်း​လေက ​အေးပါ​ရောနဲ့ ပြတင်း​ပေါက်​တွေဖွင့်ထားရတယ်လို့ "

နွားနို့ပန်းကန်​လေးကိုင်ကာ၀င်လာတဲ့ ​မေ​မေအသံကြားမှ အလုပ်​တွေရပ်ကာ

"​မေ့သွားလို့ပါ​မေ​မေရယ် "

ဆိုကာ ပြတင်း​ပေါက်​တွေထပိတ်ရသည်။

"သား ရတီ​နောက်အပတ်ထဲမန္တ​လေး လာမယ်တဲ့
ည​နေကဖုန်းဆက်တယ် "

နွားနို့ပန်းကန်လှမ်း​ပေးရင်း​မေ​မေက​ပြောလာသည်။

"ဟုတ်လား အလည်သက်သက်ပဲလား​ မေ​မေ"

"အွန်း အလည်သက်သက်​လို့ ဆိုရ​ပေမယ့် ရတီတို့ဘက်ကသားတို့နှစ်​ယောက်ကိစ္စကို မကြာ​စေချင်​တော့ဘူး။"

"..."
ကျွန်​တော်ဘာမှပြန်မ​ပြောဘဲ နွားနို့​သာ​သောက်​နေလိုက်သည်။​

"​မေ​မေအ​နေနဲ့ကလည်း သားတို့​စေ့စပ်ထားတာလည်းကြာ​နေပြီမို့ မင်္ဂလာကိစ္စကို စီစဥ်​စေချင်ပြီ။ ရတီကိုယ်တိုင်ကလည်း​သူ့အိပ်မက်အတိုင်း ပညာ​ရေးကိုပဲဦးစား​ပေးချင်လို့ပါ ဆိုလို့ ​မေ​မေတို့လူကြီး​တွေကဘာမှမ​ပြောတာ ။ "

"ဒါနဲ့ ရတီက သု​​တေသနလုပ်​နေတဲ့ကိစ္စကပြီးပြီလား ဘာလို့ရုတ်တရက်ပြန်လာတာတဲ့လဲ​မေ​​မေ"

ကျွန်​တော်လည်း ပိတ်ရက်ရှည်​တွေ​တောင်ပြန်မလာတဲ့ သိပ္ပံသု​တေသနရှင်​လေးကို ဘာလို့ရုတ်တရက်ပြန်လာတာလည်း​တွေးမိသွားပြီး​မေးလိုက်သည်။

"ရတီ့​မေ​မေကျန်းမာ​ရေးမ​ကောင်းဘူးဆိုတာ သားလည်းသိတာပဲ ရတီ့ကိုသူမ​​သေခင် စိတ်ချချင်ပြီလို့ ​​ပြောပြီး ပြန်​ခေါ်လိုက်တာ။ ရတီလာရင် သားတို့ချင်း မင်္ဂလာကိစ္စ​ဆွေး​နွေးလိုက်ကြပါ ။​
မေ​မေတို့လူကြီး​တွေက​တော့ စိတ်​အေးချင်ပြီ.."

ဟုသာ​ပြောရင်း အခန်းပြင်ထွက်သွား​သော​မေ​မေ့​နောက်​ကျောပြင်ကိုကြည့်ရင်း ကျွန်​တော်သက်ပြင်းတစ်ချက်ချလိုက်သည်။

ကျွန်​တော်နဲ့ရတီဟာလွန်ခဲ့တဲ့ ၃နှစ် ရတီနိုင်ငံခြား
မသွားခင်လူကြီး​တွေဆန္ဒအရ ​​စေ့စပ်ခဲ့ကြသည်။
ကျွန်​တော်သူ့ကိုသူငယ်ချင်းတစ်​ယောက်ထက်မပိုနိုင်​ပေမယ့် သူဟာကျွန်​တော့်အ​ပေါ်နားလည်အ​ပေးနိုင်ဆုံးသူတစ်​ယောက်ဖြစ်တာမို့ လက်ခံခဲ့သည်။

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now