"မဟုတ်ဘူးဗျ Melbourne မှာတက်ခဲ့တာဗျ
အစ်မ က Singaporeမှာ​နေတာမို့ Singapore မှာ အလုပ်၀င်ဖြစ်သွားတာပါ"

​ပြောပြီးသည်နှင့်လက်ထဲကဖန်ခွက်ထဲရှိ​ရေ​ကို ​သောက်​နေသည်။

သူ့စကားကိုကြား​တော့ ကျွန်​တော်တစ်ချက်ပြုံးမိသွားသည်။
ကျွန်​တော်ပြုံးလိုက်တာကို သူလှမ်းမြင်လိုက်ကာ မျက်​မှောင်ကျုံ့သွားတာကိုလည်း ကျွန်​တော်မြင်လိုက်ပါ​သေးသည်။ကျွန်​တော့်အပြုံးကို ဘယ်လို​တွေးထင်သွားသည်​တော့ မသိ။

သူရဲ့အလိုမကျဟန်မျက်နှာထားဟာသိပ်မကြာလိုက်ပါချက်ချင်း မျက်နှာထက်အပြုံးတစ်ပွင့်ကိုပြန်တပ်ရင်းဌာနမှူးနဲ့ သူ​​ကျောင်းတက်တုန်းကအ​ကြောင်း​တွေ​ပြော​နေကြသည်။
ကျွန်​တော်သိချင်တဲ့အ​ကြောင်းများ​ပြောမလားဆိုသည့်စိတ်နဲ့ နားစွင့် ​နေ​ပေမယ့်လည်း ပြန်မည့်အချိန်ထိ ကြားခွင့်မရလိုက်​ပေ။
ဌာနမှူးကလည်း ခုမှ​ရောက်လာတဲ့အခြားကုမ္ပဏီက ကိုယ်စားလှယ်ဖြစ်တာ​ကြောင့် လိုတာထက်ပိုပြီး
ကိုယ်​ရေးကိုယ်တာ​တွေ သိပ်မ​မေး​။

သူ့အ​ကြောင်းသိချင်မိတဲ့ကိုယ့်ကိုကိုယ်သာ အပြစ်တင်မိသည်။ ခုအ​ခြေ​အနေက ခင်မင်ဖူးကြတဲ့ မိတ်​ဆွေ​ဟောင်းတစ်​ယောက်အ​နေနဲ့​တောင် ကိုယ်ဟာသူ့
အ​ကြောင်း​တွေ ​မေးပိုင်ခွင့်မရှိ​​တော့ဘူးမလား။

**အဆင်​ပြေ​နေတာ မြင်​နေရတာပဲ ဘာလို့ သူ့အ​ကြောင်း​တွေ သိဖို့လို​နေမလဲ။ မင်းတို့ကဘာဆိုင်​တော့လို့လဲ ဆင်ခြင်စမ်း ***
ဆိုပြီး ကိုယ့်ကိုကိုယ်ပြန်သတိ​ပေး​လိုက်​တော့သည်။

ကုမ္ပဏီပြန်​​ရောက်​တော့ အလုပ်​​တွေသာဖိလုပ်ရင်း အချိန်​တွေကုန်ဆုံး​စေလိုက်သည်။ ​တော်​သေးသည် ကိုယ်​တွေအလုပ်ခန်းက သီးခြားစီရှိ​နေတာမို့ အမြဲမြင်​တွေ့​နေဖို့ မလို။ မဟုတ်ရင် ဘယ်လိုပုံစံမျိုးနဲ့သူ့ကို​ပြောဆိုဆက်ဆံရမည် မသိ။
လုပ်လက်စအလုပ်​တွေသိမ်းပြီး အိမ်ပြန်ရန်ပြင်​တော့
အ​လုပ်ဆင်းချိန်​ကျော်၍အကုန်နီးပါးပြန်ကုန်ကြပြီ။

ညပိုင်း ​မေ​မေနဲ့အတူညစာစား​သောက်ပြီးတာနဲ့ လက်​​တော့ပ်တစ်လုံးနဲ့ အလုပ်ရှုပ်​နေမိသည်။

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now