"အမ​​လေးးးး ​တော်ပါပြီကွာ အိမ်ထဲလည်းမ၀င်​တော့ပါဘူးပြန်​တော့မယ် ​မေ​မေစိတ်ပူ​နေမှာစိုးလို့"

ထမင်းဆို ပန်းကန်ပြားထဲက ဆိုတဲ့ ​ အလိုလိုက်ခံအိမ်ရဲ့ အငယ်ဆုံးကောင်ကများ သံပုရာ​ရည်ဖျော်တိုက်အုန်းမယ်တဲ့။ သွား​တောင်ကြိမ်းလာပြီ။

"ငါတကယ် ​ကောင်း​ကောင်း​ဖျော်တတ်ပါတယ်​​နော်။ ​အေးပါ ​မ​သောက်ချင်လည်းကြွကြွ"

သူ့လက်ရာကို မယုံကြည်ရ​ကောင်းလာဆိုပြီး မျက်နှာကို ရှုံ့မဲ့ပြကာ နှင်လွှတ်​နေ​တော့တယ်။

ကျွန်​တော်လည်း​​ထောက်ထားတဲ့ ​ခြေ​ထောက်တစ်ဖက်ကို စက်ဘီး​​ခြေနင်း​ပေါ် ပြန်တင်ပြီး

"ငါသွားပြီ​နော် ..." လို့​ပြောကာ သွားဖို့ပြင်လိုက်သည်။

"ကျွီ.."

ကျွန်​တော်စက်ဘီး​လေးနှစ်လှိမ့်​လောက်လှိမ့်ပြီးမှ ဘရိတ်အုပ်လိုက်တဲ့အသံ​ကြောင့်ခြံတံခါးဖွင်း​နေရင်းသူပြန်လှမ်းကြည့်လာသည်။

"​နောက်ရက်​တွေ ငါ့အိမ်ဖုန်းမဆက်နဲ့​နော် ငါမိုးကုတ်က အဘွားတို့ဆီသွား​​နေမှာမို့ ။ ​ပြောဖို့​မေ့​နေလို့ ​သော်တာယံတို့ကိုလည်း​ပြောလိုက်အုန်း။ "

ကျွန်​တော်သူကြား​လောက်ရုံလှမ်း​အော်​ပြောလိုက်​တော့ နားမလည်သလို အူ​ကြောင်​ကြောင်​လေးနဲ့

"အမ်.... "
လို့ အသံထွက်ရုံ​​ပြောလာတယ်။
သူ့ကျွန်​တော်ကိုကြည့်ပြီးခဏတိတ်ဆိတ်သွားကာ စက္ကန့်ပိုင်း​​လောက်ကြာမှ

" သင်တန်းမတက်ဘူးလား ​နောက်နှစ် ၈တန်း စာ​တွေခက်တယ်​ပြောတယ်။ ငါတို့နဲ့ သင်္ချာကျူရှင်အတူတူမတက်​တော့ဘူးလား"

ကျွန်​တော်သူ့ကိုမျက်နှာလွှဲကာ အ​​​​ဝေးတစ်​နေရာကိုအကြည့်ပို့ပြီး

"အွန်း ငါသင်တန်း​တွေမတက်ချင်​တော့ဘူး ..."

​အဂ်လိပ်စာသင်တန်းမှာဆုံခဲ့ရတဲ့ မမ​စောယမုံကို သတိရတယ်။ သင်တန်းဆိုတာနဲ့ မမနဲ့အတူတက်ခဲ့တာ​တွေပြန်​တွေးမိမှာ စိုးတာနဲ့ပဲ ဒီနှစ်​နွေရာသီဘာသင်တန်းမှမတက်ဘဲ အဘွားအိမ်သွားဖို့ဆုံးဖြတ်ခဲ့သည်။
​မေ​မေက အစက မသွားဖို့ ဒီမှာပဲ သင်တန်း​တွေတက်ဖို့​ပြော​နေ​ပေမယ့် ​မေ​မေညီမ ​တီ​လေးက "ကျွန်​တော့်ကို အင်္ဂလိပ်၊ သင်္ချာ သူသင်​ပေးမယ် စိတ်ချပြီး လွှတ်လိုက်ပါ" ဆိုတဲ့ စကား​ကြောင့် ကျွန်​တော့်ကို မယုံ​ပေမယ့် ​တက္ကသိုလ်ကထိက တီ​လေးကို ယုံတာမို့ သွားဖို့ သ​ဘောတူ လိုက်သည်။

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Donde viven las historias. Descúbrelo ahora