ဆယ်ဟွန်းငုံ့ကြည့်တော့

" ပွတ်ပေးပါ "

ကြောင်ပေါက်လေးတွေလို ပါးကိုပေါင်ပေါ်ပွတ်ရင်း

မျက်လုံးလက်လက်တွေထဲ ကြယ်တစ်ဒါဇင်...

မလိုအပ်တဲ့ခံစားချက်တွေမကြီးထွားစေချင်ပေမယ့်

ပရော်ဖက်ဆာရဲ့လက်တွေက မှော်ညှို့ခံရသလို လိမ္မော်ရောင်ဆံပင်တွေကိုပွတ်သပ်လို့...

ဤသို့နှင့် " ချော့ပါ 🥺 " ဟူသော text အကြောင်းပြု၍ 24hr mart ရှေ့ထိုင်ခုံတွင် ပန်းနုရောင်ချယ်ရီပွင့်ဖတ်များကြွေကျနေသည့်ညကိုကုန်ဆုံးလျက်။


×××

ဂျုံအင်း အစ်ကိုဆယ်ဟွန်ကိုပေါ်တင်ဖွင့်ပြောလိုက်သည့်ညနေကိုပဲပြန်စဉ်းစားနေမိသည်။ ဘယ်ဖက်ကိုလှိမ့်လှိမ့် ညာဖက်ကိုလှိမ့်လှိမ့် အိပ်ပျော်ရန်ခက်ခဲနေသည်။

ဘာမှမဖြစ်သလို အရင်လိုပေါ့ပေါ့ပါးပါးပဲနေချင်ယောင်ဆောင်နေပါသော်လည်း တကယ်တော့မလွယ်ကူလှ။ လင်းချူး ဒီတက္ကသိုလ်မရရအောင်လျှောက်ခဲ့သည်မှာ လိမ္မော်သီးကြောင့်ပင်ဖြစ်တာကြောင့်...

×××

" အရံဟင်းတွေကရှိနေသေးတာကို " ဆယ်ဟွန်း ဆံပင်သုတ်ရင်း ရေခဲသေတ္တာအသေးကိုဖွင့်ကြည့်သည်။

" အဲ့တာတွေကောင်းသေးလို့လား... မကောင်းတော့ရင် ပစ်ထုတ်လိုက်တော့ "

" ဟုတ်ကဲ့ မား "

" မားပြောထားတာစဉ်းစားပြီးပြီလား ? "

ဆယ်ဟွန်း အလိုမကျသလိုမျက်နှာပျက်သွားသည်။
" ကျွန်တော် မတွေ့ချင်ပါဘူးလို့ မားကို ဘယ်နှခါပြောရမလဲ "

" ဒါဆို မင်းဘာသာမင်းရအောင်ရှာလေ... မင်းမရှာသရွေ့တော့ မားကတွန်းအားပေးနေမှာပဲ "

" ကျွန်တော်ကိုယ်တိုင်ကမလိုချင်တာလေ မားကဘာလို့— "

" ငါအိုနေပြီလို့! မင်းလည်းအသက် ၃၀ ရှိနေပြီ... အိုဆယ်ဟွန်း! သူများတွေဆိုဒီချိန်မြေးချီနေရပြီ... ငါလည်းမြေးချီချင်တယ် မသေခင် မိသားစုသိုက်သိုက်ဝန်းဝန်းမြင်ချင်သေးတယ် "

Mr. Professor, please love me back! ><Where stories live. Discover now