🍊- 3

825 144 37
                                    

ချူးချူး ဒီနေ့နှုတ်ခမ်းနီဆိုးထားတယ်။ ဆံပင်လည်း သပ်သပ်ရပ်စည်းထားတယ်။ ကင်ဂျုံအင်း ရှေ့မှာလှနေချင်တယ်။ ဟဲဟဲ

အဝတ်ရွေးနေတာနဲ့ ကျောင်းရောက်တော့ အစ်ကိုဆယ်ဟွန်းမဟုတ်တဲ့ပရော်ဖက်ဆာကဝင်နေပြီ။

​အနောက်ပေါက်နေခိုးဝင်တော့ လူတွေကကွက်ကြည့်ကွက်ကြည့်။ တီးတိုလည်းပြောလိုက်ကြသေးတယ်။

လင်းချူး ဆံပင်ကိုခါလိုက်တယ်။

လင်းချူးချောတာ လင်းချူးသိတယ်။




ကင်ဂျုံအင်းက ပထမအချိန်တော့ ဘယ်တော့မှမတက်။ အဲ့လိုပြောလို့ ဒုတိယအချိန်တက်လားဆိုလည်းမတက်ပါဘူး။

၁၀ မိနစ် break ကြား အယ်ရီနဲ့အတူ အပြင်ထွက်အညောင်းအညာဖြေတော့ နေရခက်သလိုလိုဖြစ်လာသည်အထိ တစ်ယောက်ယောက်ကစူးစိုက်ကြည့်နေသည်ကိုခံစားမိသည်။


​ဆတ်ကနဲလှည့်ကြည့်တော့ မြင်လိုက်ရသည်က တခြားမဟုတ်... ကင်ဂျုံအင်း..!

ဂျုံအင်းကကြည့်နေသည်ကိုမိသွားသလို မျက်တောင်အမြန်ခတ်ကာ အရှက်ပြေပြုံးပြသည်။ လင်းချူးမဖုံးနိုင်မဖိနိုင် သွားတွေဖြဲမိသည်။

ဟီးဟီးဟီး... ပိတ်ရက်ကြမှ blog ထဲ crush ကပြန်ကြိုက်တာခံရတဲ့အခါ ဘာညာ ကံကောင်းသူလေး လင်းချူးစာရေးပါအုံးမယ် ..။

အများကြီး ဝိုင်းအားကျကြမှာပဲ ဟိ


×××

မနေ့ကရန်ဖြစ်တာ ဒီနေ့ Dean ရုံးခန်းထဲရောက်နေတယ်။ ဂျုံအင်း ... နှာခေါင်းပလာစတာလေးနဲ့ ပရော်ဖက်ဆာအိိုကိုခိုးခိုးကြည့်တယ်။

နှာခေါင်းရိုးအကျိုးလိုက်တောင် ဘဲကြီးကခန့်ချက်ပဲ။

" အဲ့တော့ ဘာဖြစ်လဲ "

Dean က ပရော်ဖက်ဆာအိုကိုမေးတယ်။

" ခင်ဗျာ ? "

" ရန်ဖြစ်တော့ ဘာဖြစ်လဲ "

" အပြစ်မပေးဘူးလား ? "

" နှစ်ဖက်လုံး အနာတရမှမဖြစ်တာ "

တကယ်လည်း ဂျုံအင်းတို့နှစ်ဖက်လုံးအနာတရမဖြစ်။

Mr. Professor, please love me back! ><Where stories live. Discover now