🍊- 2

819 149 31
                                    

[ Unicode ]

ဂျုံအင်းတို့ ရန်ဖြစ်ရပ်တန့်သွားသည်။ ထိုလဲကျသွားသည့်လူနား အူကြောင်အူကြောင်နဲ့ကပ်သွားကြည့်တော့ နှာခေါင်းသွေးတွေယိုနေပြီး မျက်လုံးမပွင့်။

အကုန်လုံးက ဂျုံအင်းကို နင်တရားခံဟူသည့်အကြည့်နှင့်လှည့်ကြည့်လာတော့ ဂျုံအင်းကအတင်းခေါင်းခါသည်။

" No.. no "

ပြေးထွက်ဖို့ခြေပြင်သည့်ဂျုံအင်းကို တစ်ဖွဲ့လုံးက ကြောက်မက်ဖွယ်ပြုံးကာ ခေါင်းပြိုင်တူငြိမ့်ပြသည်။ " yes.. yes "





ဂုတ်ကနေအဆွဲခံရပြီး လဲနေသည့်လူဆီအပစ်ခံရသည့် ဂျုံအင်းလေး...

ဟန်ဆောင်မေ့နေတာလားနှင့် ထိုလူမျက်နှာကိုသေချာကြည့်သည်။ မဟုတ်ပါ...

ထို့ကြောင့်ပါးကိုခပ်ဆတ်ဆတ်ရိုက်လိုက်သည်။

" ဟေ့လူ... ထစမ်း "

"..."

" ဟေ့ကောင်! "

" မင်းကလည်း ပစ်ပေါက်သေးတယ် ရင့်လှချည်လား " မင်ဝူးကပြောပြီး ဒူးထောက်ထိုင်ချသည်။ " မင်းလက်ဖယ် ငါစမ်းမယ် "

ဆရာဝန်လောင်းကိုယ်တော်က ဟိတ်ကြီးဟန်ကြီးနှင့်။ ပြီးနောက် နှာခေါင်းနားတစ်ချက်... လည်တိုင်နားကသွေးကြော နှစ်ခါသုံးခါစမ်းပြီးနောက် ဂျုံအင်းကိုလန့်ဖျတ်သလိုကြည့်လာသည်။ " သေနေပြီလားမသိဘူး "

ဂျုံအင်း ရုတ်တရက်သူ့ကိုယုံမိပြီးပျာယာခတ်ခါနီး... စပ်ဖြီးဖြီးမျက်နှာကိုမြင်မှ စိတ်တိုစွာဖတ်ကနဲရိုက်လ်ိုက်သည်။

" ပါးစပ်ပုပ်နဲ့... "
ဂျုံအင်း ထိုလူကိုဆွဲထူသည်။ နှစ်ခါ သုံးခါနည်းနည်းလေးတောင်ထောင်မလာပဲ ပြန်ခွေသွားသည့်ထိုလူကြောင့် ဂျုံအင်းလန့်ဖျတ်စွာ မင်ဝူးကိုကြည့်သည်​။

" မထလာတော့ဘူး... တကယ်ကြီးသေတတ်လား "

" အလွန်ဆုံးမှ အတိတ်မေ့ရုံပေါ့ "

" အဲ့တာဆို နိုးလာအောင် ဘာလုပ်ရမလဲဟင် "

ဘောလုံးနဲ့အပေါက်ခံရပြီး သေတယ်ဆိုကြားမကောင်းဘူး...။ အဲလေ မေ့လဲတယ်ဆိုကြားမကောင်းဘူး။

Mr. Professor, please love me back! ><Where stories live. Discover now