ကျိုးချန် သူ့ကို ဒေါသကြီးစွာ အော်နေတဲ့ ဝမ်ချင်းကြောင့် သဘောကျစွာ ရယ်လိုက်မိသည်။ ဝမ်ချင်းသည် meeting ခန်းထဲမှာတောင် သူ့ကို သတိမထားမိဘူးပဲ ။ အခုလည်း ကုမ္ပဏီကိစ္စအချို့အတွက် ရှောင်းကျန့်ကို လာတွေ့ချိန်မှာ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ရဲ့ နှစ်ယောက်သား တစ်ကမ္ဘာဇာတ်လမ်းကို ဒေါသကြီးစွာကြည့်နေတာကြောင့် သူရပ်ကြည့်နေခဲ့တာကို ဝမ်ချင်းသိမနေခဲ့ဘူးလေ။ ဒါကြောင့် သူ့ကို သတိထားမိသွားအောင် စကားဝင်ပြောမိတော့ ကိုယ်နဲ့မဆိုင်ရင် ဝင်မပါနဲ့တဲ့။

အဟားးး စိတ်ဝင်စားဖို့ကောင်းလိုက်တာ...။

ကျိုးချန်သဘောကျစွာရယ်နေပေမယ့် ဝမ်ချင်းကတော့ ဒေါတွေထွက်ပြီး စိတ်တွေဆိုးကာ ကျိုးချန်နားကထွက်သွားခဲ့ပြီလေ။

အော်...မိန်းမလေးရယ် တတိယလူဆိုတာ ပထမလူကို ဘယ်လိုမှ မမှီနိုင်ဘူးကွ။ ဒါကြောင့် စိတ်ကိုလျော့ချပြီး အခြားသူကိုသာ ရှာလိုက်ပါတော့လားကွာ....။

..............

ရှောင်းအိမ်တော်ခြံရှေ့ ထိုးရပ်လာတဲ့ ကားလေးကြောင့် တံခါးစောင့်သည် ခြံတံခါးကို လျှင်မြန်စွာ ဖွင့်ပေးသည်။ ခြံတံခါးပွင့်သွားသည်နှင့် ကားလေးသည် ရှောင်းအိမ်တော်ခြံထဲ ဖြောင့်တန်းစွာ ဝင်လာခဲ့သည်။ ရှောင်းအိမ်တော်ရှေ့ရောက်မှ တိကနဲ ထိုးရပ်သွားတဲ့ ကားလေး။ ထိုကားလေးရဲ့ နောက်တစ်ဖက်ခြမ်းမှ ကားတံခါးလေးသည် လျှင်မြန်စွာပွင့်လာခဲ့ပြီး ကောင်လေးတစ်ယောက်ဆင်းလာခဲ့သည်။ ထိုကောင်လေးသည် ဝမ်ရိပေါ်သာဖြစ်သည်။

" ကိုကို ဖြေးဖြေးဆင်း "

ဝမ်ရိပေါ်သည် ရှောင်းကျန့် ဝီးချဲလေး ဆင်းရလွယ်အောင် အကူအညီပေးရင်း နှုတ်မှလည်း သတိပေးနေတက်သည်။ ဒါဟာ နေစဉ် ပြုလုပ်နေကြ ဝမ်ရိပေါ်ရဲ့ အပြုအမှုလေးတစ်ခု ။ သူကိုယ်တိုင် လုပ်ပေးနေတာတောင် စိတ်ပူစွာ မှာနေတက်သေးတယ်။

ရှောင်းကျန့် ဝီးချဲလေး ကားအောက်ရောက်သွားမှ သက်ပြင်းအသာချတဲ့ ဝမ်ရိပေါ်ဟာ ရှောင်းကျန့် ဝီးချဲလေးကို အသာတွန်းလို့ အိမ်ထဲအတူဝင်လာခဲ့တယ်။

Love is Blind ( Completed  )Where stories live. Discover now