Chapter (9.2)

3.8K 1K 8
                                    

Zawgyi

ငါ့ရဲ့စိတ်တွေခဏလောက် မွှန်ထူသွားပြီးမှ ထထိုင်ပြီးမေးလိုက်တယ်။

"ဘာဖြစ်လို့လဲ "

သူက သူ့ရဲ့ဆံပင်တွေကို လက်နဲ့သပ်လိုက်ပြီး အင်္ကျီကြယ်သီးတွေကိုပြန်လည်တပ်ဆင်လိုက်တယ်။ အဲဒီနောက် အက်ရှတဲ့လေသံနဲ့ပြောလာခဲ့တယ်။

"ကိုယ်ထင်တာ ... ကိုယ်တို့အရမ်းစောလွန်းနေသလားလို့ .. နည်းနည်းလောက်အချိန်ထပ်ယူရင်ရော ဘယ်လိုလဲ ?"

" ဘာလို့အချိန်ထပ်ယူရမှာလဲ ?"
ငါတကယ်ပဲ နားမလည်နိုင်ဘူး ။

" ကျွန်တော်လက်ခံနိုင်ပါ့မလားဆိုပြီး စိတ်ပူနေတာလား ? ဒါမှမဟုတ်.. ခင်ဗျားမှာရော လိင်စိတ်ကင်းမဲ့နေတာလား "

" ကိုယ်ပြောချင်တာ အဲလိုအဓိပ္ပာယ်မျိုးမဟုတ်ဘူး .. ကိုယ်မင်းကို သေသေချာချာလေးစဉ်းစားစေချင်တာ .. မင်းတကယ် ကိုယ်နဲ့မိသားစုတစ်ခုတည်ထောင်ပြီးတော့ အတူနေချင်တာဟုတ်ရဲ့လားဆိုတာကို "

“Huh? ကျွန်တော် ဒီမှာ ခင်ဗျားနဲ့အတူနေနေပြီမဟုတ်ဘူးလား ?”

“မှန်ပါတယ်”

သူက ခဏလောက်ရပ်တန့်လိုက်ပြီးမှဆက်ပြောလာတယ်။

" ဒီတော့ ကိုယ်နဲ့အတူနေကြည့်ပြီးပြီဆိုတော့ .. ကိုယ်ဘယ်လောက်တောင်ပျင်းစရာကောင်းလဲဆိုတာ မင်းသိပြီးပြီမလား.. တကယ်တော့ ကိုယ်ကြောက်နေတာ...  တစ်နေ့နေ့မှာ မင်းလက်မခံနိုင်တော့ဘဲ ရုတ်တရက်ကိုယ့်ကိုထားသွားခဲ့မလားဆိုပြီး ...  ဘာပဲဖြစ်ဖြစ် .. မင်းရဲ့အခန်းကိုပြန်လိုက်တာပိုကောင်းမယ်ထင်တယ် ကိုယ်တို့ လနည်းနည်းလောက်အချိန်ထပ်ယူရအောင် အဲဒီအချိန်ကိုရောက်တဲ့အထိ မင်းက ကိုယ်တို့အဆင်ပြေတယ်လို့ထင်သေးရင် ..."

အစပိုင်းမှာတုန်းက ငါအံ့သြတကြီးဖြစ်နေခဲ့ပေမယ့် အဆုံးအထိကြားပြီးတဲ့နောက်မှာတော့ ငါဒေါသထွက်လွန်းပြီး အော်ရယ်ချင်လာခဲ့တယ်။

“Wang Dequan  ခင်ဗျား မဆိုးပါဘူး ..ခင်ဗျားက ဒီလိုဂိမ်းမျိုး ကစားနေခဲ့တာပေါ့လေ ခင်ဗျားက .. ခင်ဗျား ..."

ငါအသက်ပြင်းပြင်းရှူသွင်းလိုက်တယ်။

"ခင်ဗျားက လမ်းခွဲမယ်ဆိုတဲ့ရည်ရွယ်ချက်ကြောင့် ကျွန်တော့်ကိုအတူနေဖို့ခေါ်ခဲ့တာလား ? ဒါကြောင့် ခင်ဗျားက ကျွန်တော်နဲ့အဝေးမှာနေခဲ့တာ .. ကျွန်တော့်အတွက်လို့ပြောပြီး ကျွန်တော်နဲ့အတူအိပ်ရမှာကို စိတ်ပူနေတာပဲ ဟုတ်တယ်မလား ?"

တရုတ်ဆရာဝန်အိုကြီးတွေကို emojiတွေကောင်းကောင်းသုံးတတ်အောင်ဘယ်လိုသင်ပေးရမလဲWhere stories live. Discover now