Chapter (8.1)

4K 1.1K 60
                                    

Zawgyi

61.

အန်တီ Chu က စားသောက်ဖို့ခေါ်လိုက်ပြီး Mr. Wang ကလည်း စာပွဲဝိုင်းမှာဝင်ထိုင်လာခဲ့တယ်။ သူက သီးသန့်ဆန်တဲ့အသွင်အပြင်ရှိပြီး ငါတို့ရဲ့စကားသံတွေရယ်မောသံတွေကိုပဲနားထောင်နေခဲ့ကာ သူကိုယ်တိုင်ကတော့ စကားဝင်ပြောခြင်းမရှိဘူး။

ဒါပေမယ့် မကြာခင်မှာပဲ Wang Dequanရဲ့ဖော်ရွေတဲ့အပြုအမူတွေကြောင့် ငါသတိထားမိလာခဲ့တယ်။ သူက စကားဝင်ပြောချင်တဲ့အချိန်မှာတောင် တခြားသူရဲ့စကားကိုဖြတ်တောက်ပြီးမပြောချင်တာကြောင့် တိတ်ဆိတ်နေခဲ့တာပဲ။

ဒါက သည်းခံနိုင်ဖို့တော့ ခက်ခဲလွန်းတယ်။ ငါတို့က အထူးတလည်ကိစ္စတွေကို ဖြေရှင်းနေတာမျိုးမဟုတ်ဘူးလေ။ တခြားသူရဲ့မိသားစုအကြောင်းတွေ အိမ်ထောင်စုနဲ့ပတ်သက်တဲ့ကိစ္စတွေအကြောင်းကိုပဲပြောနေခဲ့တာ။ ဘာလို့ စကားပြောဖို့ခက်ခဲနေရတာလဲ။

သူက အစားအသောက်တစ်ဝက်ကိုပြန်ပေးလိုက်တဲ့အချိန်မှာပဲ ငါက ငါ့အဖေရဲ့ ဟဲနန်နယ်မြေမှာ စစ်သားလုပ်ခဲ့ဖူးတဲ့အကြောင်းကိုပြောပြခဲ့တယ်။ နောက်ဆုံးတော့ Mr. Wang အတွက် ဝင်ရောက်စကားပြောဆိုရမယ့်အချက်ကိုရှာတွေ့သွားခဲ့ပြီ။

" ဟဲနန်လား ..ဟဲနန်က အရမ်းကောင်းတဲ့နေရာပဲ "
သူက စစ်မှန်တဲ့ဒေသရိယစကားနဲ့ပဲ ပျော်ရွှင်တဲ့အမူအယာနဲ့ဆက်ပြောလာတယ်။
" ဒီတော့ ငါတို့နှစ်ယောက်က နယ်မြေခံအဖွဲ့ဝင်တစ်ဝက်လောက်အကြောင်းကို ဆွေးနွေးလို့ရလောက်တယ် !"

62.

...

...

...

အန်တီ Chu က သူ့ကို နံရိုးဟင်းတစ်ခွက်ပေးပြီး နူးညံ့စွာပြောလိုက်တယ်။

"ညစာလည်း စားဦး တကယ်လို့ ရှင်စကားဝင်မပြောဘူးဆိုရင် သူတို့က ရှင်သူတို့ကိုလျစ်လျူရှုနေတယ်လို့ထင်နေကြလိမ့်မှာ မို့လို့လား ?'

63.

Mr. Wang က သူမရဲ့အမူအယာကိုကြည့်လိုက်ပြီး ခေါင်းကိုနှိမ့်လိုက်ကာ နံရိုးတွေကိုပဲတိတ်တဆိတ်နဲ့ ပြန်ပြီးစားနေတော့တယ်။

တရုတ်ဆရာဝန်အိုကြီးတွေကို emojiတွေကောင်းကောင်းသုံးတတ်အောင်ဘယ်လိုသင်ပေးရမလဲWhere stories live. Discover now