Chapter (3.1)

5.1K 1.1K 47
                                    


Zawgyi

16.

သွေးခုန်နှုန်းရလဒ်ကတော့ သိပ်ပြီးထူးထူးရှားရှားမရှိပါဘူး ။ဒါပေမယ့် Wang Dequan ကငါ့မှာ ချီ(၁)လမ်းကြောင်းအတွင်းအနည်းငယ်လောက်ချို့တဲ့နေတယ်လို့ပြောခဲ့တယ်။ နောက်ပြီး ငါ့ကိုအမြဲတမ်းနောက်ကျတဲ့အထိနေတတ်လားလို့မေးခဲ့ကာ ငါ့ကိုအထိုင်အထတွေမှာလေးလံနေလိမ့်မယ် ၊ အလွယ်တကူဖျားနာနိုင်တယ် ၊ နှာစေးချောင်းဆိုးတွေလဲဖြစ်နိုင်တယ်လို့ပြောခဲ့တယ်။ သူက တခဏအတွင်းမှာပဲ ထိုအရာတွေကိုဆက်တိုက်ပြောသွားခဲ့ပြီး ထိုစကားတွေကလဲအကုန်လုံးကလည်း မှန်ကန်နေခဲ့တယ်။

သူပြောတဲ့အကြံပြုချက်တစ်ချို့ကိုနားထောင်ပြီးသွားတော့ ငါ သူ့ကိုသွေးကြောစမ်းသပ်တဲ့ပုံစံတွေကိုမေးမြန်းခဲ့ပြီး ကျန်ရှိနေတဲ့အစားအစာတစ်ဝက်ကို လက်စသပ်လိုက်တယ်။

အဆုံးမှာတော့ ထိုအမျိုးသားက ငါ့ရဲ့ပုခုံးကိုခပ်ဖွဖွပုတ်လိုက်ပြီး ပြောလာတယ်။
"လူငယ်လေးတွေက အရမ်းထူးချွန်ထက်မြတ်ကြတာပဲ တရုတ်ဆေးဝါးတွေက ကျယ်ပြန့်ပြီး လေ့လာဖို့အတွက် အကိုင်းအခက်တွေအရမ်းများပြားတယ် ပိုပိုပြီးလေ့လာလေလေ အကျိုးကျေးဇူးတွေကများလေလေပဲ မင်းဘဝနဲ့ကျန်းမာရေးကို အကျိုးရှိစေရုံတင်မကဘူး ငါတို့ရဲ့ရိုးရာယဉ်ကျေးမှုတွေကိုလည်း နေရာအနှံ့ဆီကို ပျံ့နှံ့စေနိုင်လိမ့်မယ် "

ငါ တကယ်ကြီးနက်နက်ရှိုင်းရှိုင်းလေးစားသွားတာကြောင့် လျှင်မြန်စွာပြန်ဖြေလိုက်တယ် "ဟုတ်ကဲ့ "

ထိုသူကဆက်ပြောလာတယ် "  မင်းအနေနဲ့ အဲဒီအချက်တွေကိုအရမ်းစိုးရိမ်စရာမလိုပါဘူး အဲဒါက အခုချိန်မှာမင်းရဲ့ခန္ဓာကိုယ်အတွက်ပြသနာဖြစ်စေမှာမဟုတ်လို့ မေ့ထားလို့ရတယ် ..အသက်သုံးဆယ်ကျော်လာတဲ့အခါ လူရဲ့ခန္ဓာကိုယ်က စွမ်းဆောင်ရည်တွေနှိမ့်ဆင်းလာပြီလေ ကိုယ်မင်းကိုပြောချင်တာက ဘဝနေထိုင်မှုပုံစံတစ်ချို့နဲ့ စွဲမြဲနေတဲ့အလေ့အထတွေကိုညှိနှိုင်းဖို့ပဲ .. တကယ်လို့ မင်းသေသေချာချာလေးကုသမှုကိုခံယူချင်ရင် ကိုယ့်ဆီကိုလာပြီး အပ်စိုက်ကုထုံး နဲ့ရိုးရာကုထုံးတွေလုပ်လို့ရတယ် "

တရုတ်ဆရာဝန်အိုကြီးတွေကို emojiတွေကောင်းကောင်းသုံးတတ်အောင်ဘယ်လိုသင်ပေးရမလဲWhere stories live. Discover now