ဒါနဲ့ ကျွန်တော်သိချင်နေတာ တစ်ခုရှိသေးတယ်။ ဂေးတွေနတ်ပြည်ရောက်ရင်ရော နတ်သားဘဝနဲ့ ဆက်ပြီးဂေးနေကြမှာလား။ ဒါမှမဟုတ် st8 ကြီးတွေ ဖြစ်သွားကြမှာလား။ ကျွန်တော်ကတော့ ဆက်ပြီးဂေးကြမယ်လို့ ထင်တာပဲ။ ဘာလို့ဆို နတ်ဖြစ်ရင် လူ့ဘဝကအကြောင်းတွေကို မှတ်မိနေမှာဆိုတော့လေ။ နတ်သမီးတွေတော့ သနားပါတယ်။

ဟော... တွေးရင်းနဲ့ တစ်ခုသိချင်ပြန်ပြီ။ နတ်ပြည်မှာရော လွှတ်တော်တွေဘာတွေ ရှိမလားမသိဘူးနော်။ ရှိစေချင်တယ်။ ရှိရင်ကောင်းမယ်။ ဘာလို့ဆို LGBT တွေအတွက် ဥပဒေသစ်တစ်ရပ် လိုအပ်တယ်လေ။ ခုနက ဂေးကိုပဲ ဥပမာယူကြပါစို့။ သူကနတ်ပြည့်ရောက်လာတယ်။ နတ်သားဖြစ်လာတဲ့အတွက် နတ်သမီး တစ်ဖက်ငါးရာက အော်တိုရောက်လာခဲ့တယ်။ ဒါပေမယ့် သူကဂေးနေတာလေ။ ဘယ်လိုလုပ် နတ်သမီးတွေနဲ့ ရှလူးချင်မှာလဲ။

နတ်သမီးတွေနဲ့ မရှလူးချင်တော့ သူကဒီအတိုင်းပဲ နေနေမယ်။ ဒါက အစပိုင်းတော့ အဆင်ပြေတယ်ထင်ရပေမယ့် ရေရှည်မှာတော့ ထင်သလောက်မလွယ်ကူ။ တခြားနတ်တွေ ပျော်ပါးနေတာမြင်ရင် သူလည်း ပျော်ပါးချင်မှာပဲလေ။ နတ်ပြည်တက်ရတယ်ဆိုကတည်းက စိတ်ချမ်းသာရမှာမလား။ သူ့မှာ ပျော်ပါးစရာ နတ်သူငယ်လေးတွေမရှိတော့ ဘယ်မှာလဲ သူ့အတွက် ပျော်ရွှင်မှု။

အဲ့ဒါကြောင့် နတ်ပြည်မှာလည်း လွှတ်တော်ရှိဖို့လိုအပ်တယ်။ ဒါမှ နတ်ဂေးလေးတွေအတွက် တရားမျှတမှာပေါ့။

ဂေးကောင်လေးတွေ နတ်ပြည်တက်လာခဲ့ရင် Seme တစ်ဖက်(500)၊ Uke တစ်ဖက်(500)၊ စုစုပေါင်း အယောက်တစ်ထောင်နဲ့ ပျော်ပါးစေဆိုပြီး နတ်တစ်ပါးပါးက လွှတ်တော်ထဲမှာ အဆိုတင်သွင်း။ အယ်... မဟုတ်သေးဘူး။ Seme(500).Uke(500) ဆိုရင် သူတို့အချင်းချင်းပဲ ချနေကြမှာ။ ဟိုကောင်လေးအတွက် အချိန်ရှိမှာ မဟုတ်ဘူး။ ဒါဆို ဘယ်လိုလုပ်ရမှာလဲ...

ထားတော့... ထားတော့... အဲ့ကိစ္စတွေက ကိုယ်နဲ့လည်း ဘာမှဆိုင်တာမဟုတ်။ ဆက်တွေးနေရင် ဦးနှောက်ခြောက်ရုံပဲရှိမယ်။ ကဲ နေ့လည်ထမင်းစားချိန်တောင် ရောက်နေပြီမို့ မောင်ထူးရုံးခန်းကို သွားတော့မယ်။ သူကျွန်တော့်ကို မျှော်နေလောက်ပြီ...

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now