စနေနေ့။
မောင့်မျက်လုံးထဲမှာ လှနေစေချင်၍ အသစ်စက်စက် ၀ယ်၀တ်ထားတဲ့ ဂါ၀န်ဖြူဖြူလေးနဲ့ စိတ်ဟာကြည်နူးလန်းဆန်စွာဖြင့် ရှိေနသည်။
မောင်လာအခေါ် ကို အဆောင်ရှေ့က စောင့်နေမိသည်။
ဟော
မောင့် ကလစ်ပြာပြာလေး လာနေပြီ။ ရင်ခုန်လွန်းလို့ လက်ဆောင်အိတ်လေးကို ကျစ်နေအောင် ဆုပ်ပစ်လိုက်မိသည်။ဆိုင်ကယ်ဦးထုပ်အမဲကြီးထဲက မောင့်မျက်နှာေလးကိုမမြင်ရ ။မောင့်အပြုံးကိုလည်းမတွေ့ရ။ ဟူး..... .
"ငြိမ်း၊ ရော့ ဒါကို၀တ်လိုက် ၊ လုပ်တတ်ရဲ့လား"
"ငါ့ကို ကလေးထင်နေသလား ဆိုင်ကယ်ဦးထုပ်တော့ဆောင်းတတ်ပါတယ်ဟ"
"ခါတိုင်းလို ဘောင်းဘီမဟုတ်တော့ ငြိမ်းတော့ ညောင်းတော့မှာပဲ ။မန္တလေးထိဆိုတော့ "
မောင်နဲ့အပြင်သွားရင် နွားပြင်းထည်(မြင်းခြံထည်)တို့ jj တို့ပဲ၀တ်ဖြစ်ခဲ့သည်ေလ။ မောင့်ပြောပုံအရ ဂါ၀န်၀တ်ထားတာကို မောင်သတိထားမိတယ်ဆိုတော့ ကုန်ရကျိုးနပ်တာပေါ့။"ထွက်လို့ရပြီ နော်"
"အဲ့တာဘာအိတ်ကြီးလဲ ရှေ့ကိုပေး ရှုပ်နေရင်"
"လက်ဆောင်လေ ။ အစက နင်ကြိုက်တာယူရအောင် တူတူသွား၀ယ်မယ်စဉ်းစားထားတာ ။ တစ်ပတ်လုံး အလုပ်ရှုပ်နေတာမလား ကိုယ်တော်က"
မောင်က ကျွန်မရဲ့အရွဲ့စကားအပေါ်
တဟားဟားနှင့် သဘောတွေကျနေတော့သည်။ သူ့အင်္ကျီစသာ ကိုင်ထားသော ကျွန်မလက်ကိုလည်း ထုံးစံအတိုင်း ဗိုက်ချပ်ချပ်လေးပေါ်နေရာရွှေ့ပေးသည်။ထုံးစံအတိုင်း ရင်ခုန်ရပြန်ပြီ။
ပို၍ အရှိန်မြှင့်ထားသော ဆိုင်ကယ်ပြာလေးက လေထုကို ပိုမိုခွင်းလေတော့
မောင့်ကိုယ်သင်းနံ့ သင်းသင်းလေးကလည်း ကျွန်မတည်းဟူသော မောင့်သစ်စိမ်းကြွေလေးကို ပို၍မြူဆွယ်နေပါတော့သည်။"ငြိမ်း"
"ဟင်"
"အိပ်ချင်ရင်ကိုယ့်ပေါ်မှီလိုက်နော်"
ဟင့်အင်း အဲလိုသာ အိပ်လိုက်ရင် ကျွန်မ ရင်ဘတ်ကြီးများ ပေါက်ထွက်သွားလေမလား။
"အင်း "....
ဆုရည်ရယ်ကျွန်မရယ်မောင့်သူငယ်ချင်းတွေရယ် ရုပ်ရှင်ကြည့်ကြသည်။မောင့်အိမ်မှာ မောင့်မေမေပြင်ပေးထားတဲ့ မုန့်တွေစားကြသည်။ ပျော်နေတဲ့မောင့်မျက်နှာလေးကိုတစ်နေကုန်မြင်နေရသောကြောင့် စိတ်နှလုံးကချမ်းမြေ့စွာရှိေန၏။
..........မီးတွေ တဖြတ်ဖြတ်နဲ့ ကနေတဲ့လူတွေကြည့်ရတာ မသောက်ပါပဲနဲ့ မူးသလိုလိုဖြစ်လာသည်။ မောင့်သူငယ်ချင်းတွေ ပူဆာမှုကြောင့် စားသောက်ဆိုင်မှ bar သို့ ပွဲကူးရခြင်းဖြစ်သည်။ဆုရည်ပါ ဘေးမှာရှိနေလို့ တော်သေးသည်။ နို့မို့ရင် သူတို့တွေကြားမှာကျွန်မ တစ်ယောက်တည်း မနေတတ်မထိုင်တတ်ဖြစ်နေမိမှာ သေချာသည်။ မောင်ကတော့ မွေးနေ့ရှင်ကြီးပီပီ အနက်ရောင်ဂျပ်ကတ်အနက်ေရာင်ဂျင်းနဲ့ တကယ့်ကို ထင်ပေါ်ချောမောနေလျှက်။
အပေါင်းအသင်းများနဲ့ beer ခွက်ချင်းတိုက်နေတဲ့ မောင်က ကျွန်မရှေ့ကို cola ချပေးသည်။ မောင်သည် မြင်နေကျအတိုင်း ပြုံးရွှင်နေတဲ့ လူအေးလေး မောင်မဟုတ် ။ စီးကရက်ကိုလက်မှာညှပ်ကာ beerကို အေးဆေးတည်ငြိမ်စွာေသာက်ေနတဲ့ မောင့်ပုံစံက လူမိုက်ေခါင်းေဆာင်လေးတစ်ယောက်လို။
"ဘုန်း"
မောင်က ရုတ်တရုက် အပေါ်၀တ်အင်္ကျီကို ကျွန်မ ပေါင်ပေါ် ပစ်တင်လိုက်သည်။အောက်ကအင်္ကျီကိုကြည့်မိတော့ ကျွန်မ၀ယ်လာတဲ့ အနက်ရောင် T_shirt လေးကို ၀တ်ထားမှန်းခုမှသိသည်။ ဘယ်အချိန် လဲလိုက်ပါလိမ့်။ရုပ်ရှင်ကြည့်တုန်းကများလား။ မောင့်အိမ်ခဏ၀င်တုန်းကများလား။ကြည်နူးမှုလေးက ရင်ထဲ၌ တရား၀င် နေရာတကျနေရာယူသည်။ သီချင်းသံတွေကြောင့် မကြားရမှာစိုး၍ထင်၏။ မောင်က ကျွန်မနားနားတိုးတိုးလေး ကပ်ပြောလာသည်။
"ငြိမ်းရယ် နောက်တစ်ခါဆိုရင် တခြားသူတွေရှေ့ ဒီလိုလှလှလေးေတွ ၀တ်မလာနဲ့နော် ၊ကိုယ်လေ သူတို့ ငြိမ်းကိုကြည့်တာကို လုံး၀မကြိုက်ဘူး "
မောင် မူးများနေသလား။
လေသံတိုးတိုးနဲ့မို့လို့ နားကြားများမှားလေသလား ။ဒါက ဒါက
မောင် ကျွန်မကို စိတ်ပူနေတာမလားဟင်။
ရီဝေသော အကြည့်နွေးနွေးတို့နှင့် မကြာခဏရောက်လာတတ်တဲ့ မောင့်မျက်လုံးလေးများက မီးရောင်များအောက်မှာတောင် လှပလွန်းလှပါသည်။"ငြိမ်း""သွားကြစို့ ဆုရည်အိမ်ထိ ကိုယ်လိုက်ပို့မယ်"
YOU ARE READING
မောင်
Short Storyတစ်ခါ မှမလှုပ်ခတ်ဘူးတဲ့ရင်ဘယ်ဘတ်ခြမ်းကတော့ သူနဲ့ပတ်သတ်ရင် ဆတ်ဆတ်ထိမခံခြင်း