" မင်း မင်း​တော့ ငါလုပ်ရင် နာ​တော့မယ်။မင်းဘာသာ ဘယ်သူ့ ဘူးဘူး ငါ့အစ်မကို မင်းနဲ့ လုံး၀ သ​ဘောမတူဘူး ကွ"

လို့ ရှူးရှူးရှားရှားနဲ့ ​ပြောလာသည်။

"ငါကဘာဖြစ်​နေလို့ မင်းအစ်မနဲ့ သ​ဘောမတူရတာလဲ"

ကျွန်​တော်မျက်နှာထားတင်းသွားကာ ​လေသံမာမာနဲ့မေးလိုက်သည်။ တကယ်ပါ သူ ဘာဖြစ်လို့ အဲ့ဒီစကား​ပြောရလဲ သိချင်မိတယ်။ အရင်ကတည်းက အဲ့လို​ပြောခံ​နေကြ​ပေမယ့် အခုထွက်​နေတဲ့သတင်း​တွေ​ကြောင့် လူက အ​တွေးလွန်ကာ ပြန်​ရန်ရှာမိသွားသည်။

သူ ဘာပြန်​ဖြေရမှန်းမသိကာ ​နီရဲ​နေတဲ့မျက်နှာ​လေးက ​ပေါက်ကွဲ​တော့မယ့်ခရမ်းချဥ်သီး​လေးလို ဖြစ်​လာသည်။
သူစိတ်တိုကာ ထွက်သွားဖို့လုပ်​တော့ ​သော်တာယံ က သူ့လက်ဆွဲပြီး ထိုင်ခိုင်းလိုက်သည် ။

ကျွန်​တော်လည်း သူ ထ ထွက်သွားဖို့လုပ်တာ မြင်မှ ကျွန်​တော် ​အော်မိတာ လွန်သွားပြီမှန်းသိကာ ငြိမ်​နေလိုက်သည်။ သူ က ကျွန်​တော့်အ​ပေါ် မ​ကောင်းတဲ့ အမြင်နဲ့​ပြောတာမဟုတ်မှန်း ခံစားမိ၍ ကျွန်​တော့်​ဒေါသ​တွေ သူ့အ​ပေါ် ပုံမချသင့်ဘူးမလား။

"​တော်​တော့ နှစ်​ယောက်လုံး ​​တွေ့တာနဲ့ သတ်​နေကြတာပဲ။ နှောင်းရိပ်ကလည်း ​ဒီ​ခေတ် မကြိုက်တာကို မစနဲ့ကွာ"

လို့ ကြားက ဝင်ဖြန်​ဖြေ​ပေးသည်။

"ငါကအရင်မစဘူး သူ့အရင် ရန်လာစလို့ ​လေ"

ကျွန်​တော်လည်း​​ ​​ရှေ့က​ရေးလက်စ စာအုပ်ကို​ကောက်ယူကာ သူ့​ရှေ့ကစားပွဲ​​ပေါ်တင်ပြီး သူနဲ့မျက်နှာချင်းဆိုင် ထိုင်လျက်စာ​ရေး​​နေလိုက်သည်။

"ဘာ....ငါကပဲ ရန်စတယ်ဖြစ်ရ​သေး "

သူကလည်း မျက်နှာထားတင်းတင်းနဲ့ ပြန်​အော်လာသည်။

"​အေးပါ ငါပဲမှားတာပါ ​တော်ကြပါ​တော့ နှစ်​ယောက်လုံး"

​သော်တာယံကပဲကြားက​နေစိတ်ညစ်တယ်ဆိုတဲ့ပုံစံ​လေးနဲ့ ၀င်​ပြောသည်။

ကျွန်​တော့်ဒီ​နေ့မနက်တင် လူနှစ်​ယောက်ကို​ဒေါသထွက်​အောင်​လုပ်မိတယ်။
ဒါ​ပေမယ့် အ​ခြေ​နေချင်းမတူ တစ်​ယောက်က
ကျွန်​တော့်ကို ​လှောင်​ပြောင်ချင်၍ စကားစလာသည်ကို ပြန်လည်​ချေလိုက်​ခြင်း။
တစ်​​ယောက် က​တော့ ကျွန်​တော့်ကို ရန်စသလို ​စောင်းချိတ်​ပြောလာ​၍ သူ့ကိုပြန်စ လိုက်ခြင်း ။

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now