"​နှောင်းရိပ် မင်း​စောလှချည်လား "
​နောက်ခုံမှာ၀င်ထိုင်ရင်း ​​​သော်တာယံက လှမ်း​မေးသည် ။

"အွန်း ငါ အိမ်စာ​ရေးစရာ​လေး​တွေမပြီး​သေးလို့"

ကျွန်​တော်မ​နေ့က ဘယ်လိုမှစာမလုပ်နိုင်​အောင်စိတ်ရှုပ်ခဲ့ရ​ကြောင်း​တော့ ​ပြောမ​နေ​တော့ ။

"​အော် ​အေး​အေး
ဒါနဲ့ ငါမင်းကို​မေးစရာရှိတယ် စိတ်မဆိုးနဲ့​နော်
သားကြီး"

လို့ ​သော်တာယံက မဝံ့မရဲ စကားဆိုလာသည်။

"..."

"မင်းနဲ့D ခန်းက​ကောင်​လေးက ဘယ်လိုပတ်သက်တာလဲ"
တဲ့။

ကျွန်​တော်စာ​ရေးရင်း ရပ်လိုက်မိသည် ။လူလည်းတစ်ချက်တွန့်သွားသည်။
​သော်တာယံဆိုတာ ကျွန်​တော်​ကျောင်းစ​ရောက်ကတည်းကခင်ခဲ့တဲ့သူ။ သူ့မှမရှင်းပြရင် ကျွန်တော်
ဘယ်သူ့သွား​ပြောပြရမလဲ​လေ ။
​​နောက်ဆုံး​တော့သူ့ကို​သေချာရှင်းပြဖို့လုပ်လိုက်သည် ။

အရင်​ကျောင်းမှအ​ကြောင်း​တွေကအစချီကာ ခုဒီ​​ကျောင်းပြောင်းလာပြီး အရင်တိုင်း ​ခင်မင်ကာ တပူးပူး တတွဲတွဲ ဖြစ်​နေ​ကြောင်း​တွေထိ ရှင်းပြလိုက်သည် ။

"​အော် အဲ့လိုကိုး ငါထင်ပါတယ် ငါတို့​ကောင်ကြီးက မိန်းက​လေး​​တောင် ​ချော​ချောလှလှ မမ​တွေပဲ
သ​ဘောကျတာပါလို့ ..."

ရယ်သံစွက်လျက် သော်တာယံက ​ပြောလာမှ
ကျွန်​တော့်ကိုနားလည်ယုံကြည်​ပေးတဲ့ သူငယ်ချင်း တစ်​ယောက်ရှိ၍ ​ပျော်မိသည်။

"​သော်တာယံ မင်းသူငယ်ချင်း မမ​တွေကိုနှာဘူး​ကြောင်း အသံပြဲနဲ့ ​အော်မ​နေနဲ့ အခန်းသိက္ခါ ကျတယ် "

ဘယ်အချိန်ကတည်းက​ ရောက်​နေမှန်းမသိတဲ့
ဆောင်းဒီ​ခေတ်က သူ့ခုံမှာလွယ်အိတ်ချပြီး ကျွန်တော်တို့ဆီ လာ​နေသည် ။

"ဘာလဲ ​ယောက်ဖ က ငါအခြားမမ​တွေ ဘူး​နေလို့
မင်း မမခြူး အတွက် စိတ်မ​ကောင်းဖြစ်​နေတာလား"

လို့ ​ပြောင်စပ်စပ်မျက်နှာ​ပေးနဲ့ စ လိုက်​တာကြောင့် ​သော်တာယံ့ ​ဘေးခုံမှာ၀င်ထိုင်ဖို့လုပ်​နေ​သော သူမှာ ​ဒေါသထွက်ကာ မျက်နှာကြီးနီရဲလာသည် ။
ကျွန်​တော့်ကိုလည်း လက်ညှိုးထိုးလျက်

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now