ရှောင်းကျန့်စကားကို ဝမ်ရိပေါ် ခေါင်းလေးငြိမ့်ပြသည်။

" အဲ့ဒါဆိုလည်းဖယ်တော့ အခန်းပြန်အိပ်တော့မယ် "

ရင်ဘက်ကို လက်နဲ့တွန်းပြီး ထဖို့ဟန်ပြင်နေတဲ့ ကောင်ငယ်လေးခါးကို ရှောင်းကျန့်အားနဲ့ ဆွဲချုပ်လိုက်သည်။

" ရား...ကိုကို နာတယ် ဘာလို့ လူကိုဆွဲချနေတာလည်း "

" ဒီည အခန်းမပြန်နဲ့တော့လေ "

" ဒီညအခန်းပြန်မအိပ်ရရင် ကျွန်တော်က ဘယ်မှာအိပ်ရမှာလည်း.."

" ကိုယ်နဲ့အိပ် "

" ဗျာ..."

အံ့သြစွာပြူးကျယ်သွားတဲ့ မျက်လုံးဝိုင်းကြီးတွေရယ် ၊ သိပ်လှစွာ ပွင့်ဟသွားတဲ့ နှုတ်ခမ်းဖူးဖူးလေး ရှက်သွားလို့ ရဲတက်သွားတဲ့ နားရွက်လေးတွေရယ်နဲ့ ပန်းသွေးရောင်ခြယ်သသွားတဲ့ ဖောင်းအိအိပါးလေး။

သိပ်ကိုကြည့်လို့လှပါရဲ့ ကောင်လေးငယ်ငယ်.....။

" ဒီလိုပါကွာ ကိုယ်လည်း ဒီနေ့တစ်ယောက်တည်း အိပ်ရတာပျင်းတာကြောင့် ရိပေါ်က ဒီနေ့ ကိုယ့်ကို အဖော်လုပ်ပေးပါလို့ ။ အဲ့လိုပြောတာပါ "

" အော်.."

ယောကျာ်းနှစ်ယောက်အတူအိပ်တာ ဘားမှဖြစ်ပေမယ့် နေ့လည်က မမဝမ်ချင်းနဲ့ ပြောခဲ့တဲ့စကားတွေပြန်ကြားပြီး ရိပေါ်ရှက်ရသေးသည်။ဒါပေမယ့် ဒီစကားတွေ ကိုကိုသိမှာမဟုတ်ပါဘူး။ အဲ့ဒါက သူမမဝမ်ချင်းကို အနိုင်ယူချင်လို့ စကားနာထိုးလိုက်တာပါလေ။ ကိုယ့်ကိုကိုယ် အားတင်းပြီး ခေါင်းလေးငြိမ့်တဲ့ ဝမ်ရိပေါ်.... ။

" အဆင်ပြေပါတယ် ဒီည ကျွန်တော် ကိုကို့ကို အဖော်လုပ်ပေးမယ် "

ဒီလိုနဲ့ ရှောင်းကျန့်ခန္ဓာကိုယ်ပေါ်က လိမ့်ချလိုက်သည့် ဝမ်ရိပေါ် ခန္ဓာကိုယ်လေးသည် ရှောင်းကျန့်ဘေးသို့ကျရောက်သွားသည်။

ခဏအကြာ ရှောင်းကျန့်ဘေးမှ ဝမ်ရိပေါ်သည် အသက်ရှူသံမှန်မှန်နဲ့ အိပ်ပျော်သွားခဲ့သည်။ ဝမ်ရိပေါ် အိပ်ပျော်သွားပေမယ့် အိပ်မပျော်သေးတဲ့ ရှောင်းကျန်ဟာ ဒီကောင်လေးငယ်ငယ်ရဲ့ အဆင့်ဆင့် အိပ်ပျော်သွားပုံကို စောင့်ကြည့်နေခဲ့သည်ကိုတော့ ကောင်လေးငယ်ငယ်က သိလိမ့်မယ်တော့မထင်ပါ....။

Love is Blind ( Completed  )Where stories live. Discover now