အပိုင်း ၅

Začít od začátku
                                    

!တစ်လှမ်း နှစ်လှမ်း သုံးလှမ်း...!

၃လှမမြောက်မှာ ဟန်ချက်ပျက်တော့ ဒီမိုက လက်ကို ပို၍တင်းအောင် ဆုပ်ကိုင်ကာ ထိန်းပေးသည်။

"ဘာမှမဖြစ်ဘူး ဆက်သွားမယ် ခေါင်းကြီးမငုံ့ထားနဲ့ ကျွန်တော့်ရင်ဘတ်ကို ကြည့်ထား.."

"အင်း..."

ဒီမို၏ လက်ကိုအားပြုကာ ဆက်လှမ်းတော့ အဆင်ပြေသယောင်
ရှိလာလေသည်။

"ခါးကြီး မကွေးထားနဲ့လေ စိတ်ကိုလျှော့ထား ဟုတ်ပြီ..."

ဒီမိုက ပါးစပ်မှ တတွတ်တွတ်ပြောရင်း လှမ်းရင်းဖြင့် နှစ်ယောက်သား ကွင်းအလယ်သို့ ရောက်ခဲ့တော့သည်။ကွင်းလယ်ရောက်သည့် အထိ ရှင်စော တောင့်တောင့်ကြီး ဖြစ်နေတုန်း.....

"အဆင်ပြေလား ကျွန်တော် လက်လွှတ်လိုက်ရမလား"

"ဟင်အင်း နေဦး နေဦး..."

ရှင်စော အလောတကြီးပြောကာ ဒီမို၏ လက်အား ပိုတင်းအောင် ဆုပ်ကိုင်တော့ ဒီမိုက ခပ်ဟဟရယ်ကာ ခန္ဓာကိုယ်အား တစ်ပတ်လှည့်ပစ်ပြီးမှ လက်ကို နောက်ပြန်ကမ်းလေသည်။

"သေချာကိုင်ထားနော် ကျွန်တော် အရှိန်တင်ပြီး..."

"ဟျောင့် မလုပ်နဲ့ နေဦး..အား......."

ရှင်စော ပြောလို့မဆုံးသေး ခန္ဓာကိုယ်ကြီးက ဒီမိုရဲ့နောက်သို့ လွင့်ကနဲ ပါသွားရတော့သည်။

"အား..ဟျောင့် ရပြီး ရပ်တော့...အား..."

"ဟား...ဟား...ဟား"

ရှင်စော အာဗြဲလျှာဗြဲနဲ့ အော်နေသော်လည်း ဒီမိုကတော့ မရပ်ပဲ တဟားဟား အော်ရယ်ကာ အရှိန်ကိုတောင် ပိုမြှင့်လိုက်သေးသည်။

ထိုပုံစံအတိုင်းပဲ ကွင်းတစ်ပတ် ပြည့်သွားတော့ ဒီမိုက ရှင်စောအား တွန်းထုတ်ကာ....

"ဖြည်းဖြည်း ထိန်းစီးကြည့်....."

ဒီမို လွှတ်လိုက်တာနှင့် အနည်းငယ် ယိုင်သွားချင်ပေမဲ့ ဟန်ချက်ကို ပြန်ထိန်းလိုက်တော့ အနည်းငယ်အဆင်ပြေလာသည်။လမ်းမလျှောက်ရပဲ လေပေါ်လွင့်နေတဲ့ ခံစားချက်ကို ရှင်စော စတင်ပြီး သဘောကျလာရတော့သည်။

ခရီးများအဆုံးထိ...လျှောက်(Complete)Kde žijí příběhy. Začni objevovat