ချီချန်းက​တော့ သူမကိုမသိချင်​ယောင်​ဆောင်ကာ ဆက်ပြုံး​နေကာ
"​ကောင်းပြီ​လေ အချိန်ကျပြီထင်တယ်...တခြား​ပြောစရာမရှိရင် ငါအရင်သွား​တော့မယ်"

သူအဲ့လို​ပြောလိုက်​ကာ လုမန်နီကို စကားပြန်​ပြောခွင့်​​တောင် မ​ပေးဘဲ ထွက်သွား​တော့သည်။

လုမန်နီ စိတ်ဆိုးလွန်းလို့ ​ခြေ​ဆောင့်ကာ ကျန်​နေခဲ့သည်။ သူမမှာ ချီချန်းကို သွားရန်​တွေ့လို့မရ​တော့ ချီချန်းကို ကြည့်​နေရုံသာ တတ်နိုင်သည်။
လုမန်နီ တဖြည်းဖြည်း စိတ်ငြိမ်သွား​အောင်လုပ်ကာ အိတ်ထဲက ဖုန်းကိုထုတ်လိုက်ပြီး ဖုန်း​​ခေါ်လိုက်​လေသည်။

"ကျွန်မ ရှင့်ကိုအရင်က ​​အကူအညီ​တောင်းထားတဲ့ ကိစ္စအခုလုပ်လို့ရပြီ"
ထိုသို့ ​ပြောပြီးတာနဲ့ လုမန်​နီ ဖုန်းအမြန်ချလိုက်ကာ call historyကိုရှင်းလိုက်​လေသည်။

အဲ့​နေ့ ည​နေ ၈နာရီ​လောက်တွင် အတင်းအဖျင်းပို့စ်​တွေနဲ့ vlogအ​သေးစား​တွေဟာ အင်တာနက်​ပေါ်တက်လာ​လေသည်။ ​ခေါင်းစဥ်​တွေက မတူ​ပေမယ့် အ​ကြောင်းအရင်း​တွေက​တော့ ဆင်တူ​လေ​ကာ ချီချန်းနဲ့လုမန်နီအ​ကြောင်း​တွေသာဖြစ်​လေသည်။

#ဒီ​နေ့သတင်းထူး-National Male Godက အချစ်ကို​တွေ့သွားပြီ...အချစ်စစ်တကယ်ရှိတယ်ဆိုတာကို ငါယုံတယ်!#

#ဧကရာဇ်နဲ့ထက်မြက်တဲ့ကြင်ယာ​တော်: သရုပ်​ဆောင်ရင်း အချစ်​တွေ​ပေါက်ဖွားလာတာလား ဒါမှမဟုတ် ဒရာမာအတွက် တမင်လုပ်တာလား?

......

#

ဒီseriesရဲ့ပို့စ်​တွေဟာ ချီချန်းရဲ့နဂို​ကျော်ကြားမှု​ကြောင့် ပိုပြီးHotဖြစ်လာ​လေသည်။
Fan​ပေါင်းစုံဟာ ဒီကိစ္စကို​တွေ့တာနဲ့​ပေါက်ကွဲလာကာ ပို့စ်​ပေါင်းစုံတင်လာကြသည်။

ထိုပို့စ်​တွေက

1]:ငါ့ရဲ့မင်းသားက တကယ်ချစ်သူရသွားတာလား?!မဟုတ်ဘူး​နော်!ငါမယုံဘူး! ဝူး ဝူး ဝူး

2]:ဒီမိန်းမမျက်နှာက တကယ်ကြီးတာဘဲ ငါတစ်ခါမှမမြင်ဖူးဘူး။အခု​ ငါ့​ယောကျာ်းကိုတွယ်ကပ်ပြီး နာမည်လာယူ​နေတာဘဲ အရှက်မရှိလိုက်တာ!
သူ့အတွက်​တော့ စိတ်မ​ကောင်းပါဘူး-ငါ့​ယောကျာ်းက ငါကလွဲပြီး တခြားမိန်းမ​တွေကို စိတ်မဝင်စားဘူး!

ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့်ပေးနေရတယ်Where stories live. Discover now