"ဘယ်လိုပဲ ဖြစ်ဖြစ် ပြောပြသင့်တယ်နော် သူ‌ဌေး"

"အင်း ငါပြောမှာပါ။မင်း အလုပ်ဆင်းချင်ရင် ဆင်းလို့ရပြီနော် Jimmy "

"ဟုတ် သူဌေး ဂရုစိုက်ပါ "

"အင်း"
( အန်တီက ဘာလို့ အဲ့လိုတွေ လုပ်နေရတာလဲ။သူက အဲ့လိုလူမျိုး မဖြစ်နိုင်လောက်ပါဘူး။ အန်တီက အိမ်ထောင်ပျက်ဖူးတယ်ပေါ့။သူလည်း စိတ်ညစ်စရာတွေများလို့အဲ့လိုဖြစ်သွားတာနေမှာပါ။ငါ‌ Fin ကို အရင်ပြောပြရမလား ဒါမှမဟုတ် Fin ကို မပြောဘဲ အန်တီကို ဘာလို့ဒီလိုတွေလုပ်နေတာလဲ မေးပြီးတားလိုက်ရမလား။စိတ်ရှုပ်ပါတယ်ကွာ😑)

"အိမ်ပြန်ရောက်ပါပြီ Harry နဲ့ Kirito"

"ဟုတ် ကိုကြီး ကြိုဆိုပါတယ်"

"Fin ရော"

"အခန်းထဲမှာ လှဲနေတယ် ကိုကြီး"

"အင်း ကိုကြီး တက်သွားလိုက်ဦးမယ်။ညစာစားနှင့်ကြနော်"

"ဟုတ်ကိုကြီး"
..................

"Fin နေကောင်းရဲ့လား"

"ဟာ ကိုကိုပြန်လာပြီလား။Fin ကိုကို့ ကို လွမ်းနေတာ"

"ကိုကိုကလည်း လွမ်းပါတယ်ကွာ"

ပြွတ် ပြွတ် မွချိ အ့ အွန်း

"ကိုကို ရေချိုးလိုက်ဦးမယ် Fin"

"ဟုတ်။ဒါနဲ့ ကိုကို စိတ်ရှုပ်စရာ တခုခုများရှိလို့လား"

"ဒီလိုပါပဲ Fin ရယ် အလုပ်ကရှုပ်တော့ စိတ်ဖိစီးမှုများနေတာ"

"အင် အာ့ဆို ကိုကို ရေမြန်မြန်ချိုးလိုက် Fin နှိပ်ပေးမယ်"

"ဟုတ်ပါပြီ ဗျာ အာ့ဆို ကိုကိုမြန်မြန်ချိုးလိုက်ဦးမယ်"

"ဟုတ်"

(အင်း ဒီကိစ္စကို Harry ကို အရင်ပြောမှဖြစ်မယ်။ပြီးမှ Fin ကို ပြောသင့်မပြောသင့် တိုင်ပင်ရမယ်။အစောကြီးတည်းက ငါတို့နှစ်ယောက်ပဲ စုံစမ်းကြည့်မယ်လုပ်ထားတာဆိုတော့ သူ့ကို အရင်တိုင်ပင်သင့်တယ်)

"Fin ကိုကို ရေချိုးပြီးပြီနော်"

"ဟုတ် ကိုကို ဒီမှာ အဆင်သင့်ပဲ။လာ.......ကုတင်ပေါ်မှာ အားလျားမှောက်လိုက်"

My Brother Or Husband🔞(U+Z)(Complete)Waar verhalen tot leven komen. Ontdek het nu