" ဒါ... ဒါဆို... ငါ.. ငါ နင့်ကိုခေါ်ပြီး ထွက်ပြေးခဲ့လို့. နင်... နင့်မိဘအရင်းတွေနဲ့ လွဲသွားခဲ့တာပေါ့နော် "
" ဟင့်အင်း... အဲ့လိုမတွေးပါနဲ့... Ji ရယ်...
ငါ သိတယ်.. အဲ့ဒါကြောင့် Sister ကြီးကို နင့်ကို ပြန်မပြောပါနဲ့လို့ ငါ တားခဲ့တာ...
နင့်ကြောင့်မဟုတ်ဘူးလေ Ji ရဲ့.... နင်လည်း ငါနဲ့ ခွဲရမှာစိုးလို့ နင့်ကိုမွေးစားဖို့ လာခေါ်တဲ့သူတွေဆီကနေ ထွက်ပြေးခဲ့ကြတာမလား ။ ငါ့ကြောင့်နဲ့ နင်လည်း မိသားစုဆိုတာ မရခဲ့တာလေ... လျှောက်မတွေးပါနဲ့နော် Ji...
ဒါက တိုက်ဆိုင်သွားရုံပါဟာ "
" အဲ့... အဲ့ဒါဆို... အခု Sister ကြီးက နင့်မိဘအရင်းတွေ ဘယ်သူလဲဆိုတာ ပြောပြလိုက်ပြီပေါ့ ဟုတ်လား... "
" အင်း ဟုတ်တယ်... ပြီးတော့ ဆွဲကြိုးလေးလည်း ပြန်ပေးလိုက်တယ်... ပြီးတော့ သူတို့ရဲ့ လိပ်စာရော ငါ့ကို ပြောလိုက်တယ် "
ဒီတစ်ခါတော့ Jennie လက်ကို Jisoo က ဆုပ်ကိုင်လာခဲ့သည် ။ စိုးရိမ်နေတဲ့ Jisoo မျက်ဝန်းတွေကို Jennie သိတာပေါ့ ။ သူ့ကို ထားသွားပြီး မိဘအရင်းတွေဆီ ပြန်သွားမှာ ကြောက်နေတာလေ ။ အဲ့ဒါကြောင့်မို့ပဲ Jennie မပြောပြခဲ့တာမလား ။
" ငါ့မိဘအရင်းတွေ ဘယ်သူလဲဆိုတာ
နင် သိရင် ငါ့ကို နင် အခုလို ဆွဲထားတော့မှာ မဟုတ်ဘူး Ji ... ငါ နင့်အကြောင်း သိပါတယ်... နင်က ငါ့အတွက်ပဲ အမြဲကြည့်တဲ့သူ....အဲ့ဒါကြောင့် နင် ငါ့ကို စွန့်လွှတ်ပြီး
ငါကောင်းစားဖို့ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့
ငါ့ကို မိဘအရင်းတွေဆီ ပြန်သွားခိုင်းမှာ ငါ သိနေတယ်... အဲ့ဒါကြောင့် ငါ နင့်ကို မပြောခဲ့တာ Ji... "
" နင့်... နင့်မိဘအရင်းတွေက ဘယ်သူတွေလဲဟင် "
" အင်း.... Korea နိုင်ငံ ရဲ့ ကိုယ်စားလှယ် Chanel Company က ဥက္ကဋ္ဌ Caroline JK တို့ လင်မယားပဲ "
" ဘ... ဘာ..."
" အဟင်း.... မထင်ရဘူးနော်.... Ji... ငါ့မိဘတွေက အဲ့ဒီလောက်ချမ်းသာမယ်မှန်း တကယ်ကို မထင်ခဲ့တာ... ထားလိုက်ပါ...
အဲ့ဒါတွေ ငါ စိတ်မဝင်စားပါဘူး...
ဒါမဲ့ ဒီခေါက်ဆွဲလုပ်ငန်းကို ရောင်းဖို့အခက်တွေ့နေတဲ့ နင်ရယ် ဂေဟာက ပြန်လာပြီးတော့ စိတ်အားထက်သန်နေတဲ့ Ahjashi ရယ်ကြောင့် ငါ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့တယ် ... ငါ... ငါ့မိဘအရင်းတွေကို သွားတွေ့ခဲ့တယ် Ji... "
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 19
Start from the beginning
