Chapter ~ 11

775 99 15
                                        


Jisoo ရဲ့ အလုပ်ပြောင်းပြီး ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုတဲ့ စီမံကိန်းကြီးဟာ အကောင်အထည်ဖော်ချိန်တန်လာတယ်လို့ပဲ ပြောရမလား ၊ အလုပ်လက်မဲ့ဖြစ်ချိန်တန်လာတယ်လို့ပဲ ပြောရမလားပါပဲ ။
Jisoo ခေါက်ဆွဲဆိုင်က အလုပ်ထွက်ချင်စိတ်တွေ ပိုပြင်းလာခဲ့တာ ဆိုင်ကို ဆိုင်ပိုင်ရှင် ဦးလေးရဲ့ သား ရောက်လာခဲ့တဲ့အချိန်က
စလာတော့သည် ။
Seoul မှာ ကျောင်းတက်ဘွဲ့ရပြီး ခေါက်ဆွဲဆိုင်ကို ဦးစီးဖို့ ပြန်လာတဲ့ ဦးလေးရဲ့သား ဟာ ဆိုင်ထဲမှာ သူ့ခြေသူ့လက် လုပ်လာတဲ့အပြင် Jisoo ကိုပါ အလွန်အရေးပေးကာ
အမြဲလိုလို အနားမှာ ရစ်သီရစ်သီလုပ်နေတော့သည် ။
Jennie ကတော့ မီးဖိုချောင်ထဲမှာပဲ
အနေများတာမို့ သတိမထားမိပေမယ့်
တစ်ခါတစ်ခါ ငွေရှင်းကောင်တာနားမှာ Jisoo အနောက်ကနေ စာရင်းကြည့်နေတဲ့ ပိုင်ရှင်ရဲ့သားဟာ နည်းနည်းတော့ ထူးဆန်းတယ်လို့ ခံစားမိနေခဲ့သည် ။

Jisoo ကတော့ ကာယကံရှင်မို့ ပိုပြီး အနေရခက်ကာ တခြား ဆိုင်ဝန်ထမ်းများကပါ မထိတထိ ပိုင်ရှင်ရဲ့သားနဲ့ စကြတာမို့
စိတ်တွေ ကျဥ်းကျပ်လာတော့သည် ။
အရင်လို အလုပ်လုပ်ရတာကိုပင် မပျော်တော့ ။ Jendeuk သိရင် စိတ်မကောင်းဖြစ်မှာစိုးလို့သာ သည်းခံနေပေမယ့် တစ်နေ့မှာ Jennie ကိုယ်တိုင်ကပင် ကျဥ်းကျပ်နေတဲ့စိတ်ကို လွတ်လပ်ခွင့်ပေးခဲ့သည် ။

ထိုနေ့က ....

" Jennie... ဟိုမှာ ကြည့်ပါအုန်း ငါတို့ ပိုင်ရှင်ရဲ့သားက Jisoo ကို သဘောကျနေတာထင်တယ်... မျက်လုံးက ခွာကို မခွာဘူး  "

မီးဖိုချောင် အပေါက်ဝကနေ ကောင်တာဘက်ကို လှမ်းကြည့်ကာ ပြောလိုက်သော စားဖိုမှူးအသံကြောင့် Jennie ပါ လိုက်ကြည့်မိလိုက်သည် ။ သူပြောတာလည်း အမှန်ပါပဲ ။ ကောင်တာမှာ ဖုန်းတစ်လုံးနဲ့ Order တွေ မှတ်နေတဲ့ Jisoo ကို ဆိုင်ပိုင်ရှင်သားက
ဘေးကနေထိုင်ပြီး ငမ်းနေတာမှ မျက်လုံးကြီးစောင်းသွားတော့မယ့်အတိုင်း ။
Jennie စိတ်ထဲ ဘာဖြစ်သွားမှန်းတော့မသိ ။ Jisoo ကို အခုလို သူစိမ်းယောကျ်ားတစ်ယောက်နဲ့ အနီးကပ်တွဲပြီး မမြင်ဖူးလို့လား ဟိုတလောက သူတွေးမိတဲ့ ကိစ္စကြီးကို ပြန်တွေးမိလို့လားမသိ ။
ဒေါသတွေ ထွက်လာသလိုလို ဝမ်းနည်းလာသလိုလိုနဲ့ ရင်ထဲမှာ တင်းကျပ်လာခဲ့သည် ။ စိတ်ထဲက မွန်းကျပ်နေတာမို့ ထွက်လာတဲ့ စကားလုံးတွေကလည်း မငြင်သာ ။

From Zero to Infinity ~~~Where stories live. Discover now