" Ji... ဒါလေး စားကြည့်ပါလား... ဟ... အာ!!! "
" အာ!!!!! "
Jennie အိမ်က စမ်းလုပ်ကြည့်လာတဲ့ ချောကလက် Cupcake လေးကို စျေးရောင်းနေတဲ့ Jisoo နားသွားပြီး ခွံ့ကျွေးလိုက်သည် ။ သူ ခွံ့သမျှ စားနေကျဖြစ်တဲ့ Jisoo ကလည်း ချက်ချင်းပင် ပါးစပ်လေး ဟ လာသည် ။ ပါးစပ်ထဲရောက်သွားတာနဲ့ Jisoo မျက်နှာလေးမဲ့ကာ Jennie ကို ခေါင်းကုပ်ပြီး လှည့်ကြည့်မိသည် ။
" ဂီးးးး.... ခါးလိုက်တာ... ဘာကြီးလဲ... Jendeuk "
" အယ်.... ခါးတယ်လား.... ထင်တော့ထင်သားပဲ... ဟီးဟီး ... ချောကလက်ကိတ်မုန့်လေ... ငါ ပေါင်းအိုးထဲထည့်ပြီး စမ်းလုပ်ကြည့်တာ.... ကြည့်ရတာရေနည်းသွားလို့ထင်တယ်...အဲ့ဒါကြောင့် တူးနံ့တော့ ရပါတယ်လို့...ဟဲဟဲ... အာ့ကြောင့် နင့်ကို မြည်းခိုင်းလိုက်တာ "
" Arryarr.... Jendeuk အကျင့်ပုပ်ကွာ.... အတူးကြီး ငါ့လာကျွေးပြီး ခါးတယ်လားတဲ့ ... အီးးး... "
" ခိခိခိခိ... စစချင်းကို အဲ့လောက်တော့ ရှိမှာပေါ့ Ji ကလည်း... ဟီးဟီး ရော့ ရော့ ဒီနို့လေးသောက်လိုက်
စတော်ဘယ်ရီအရသာလေး ချိုတယ်...
ဟဲဟဲ "
အဲ့တော့မှ မဲ့နေတဲ့ မျက်နှာလေးက ချက်ချင်းကြီး ပြုံးဖြီးသွားပြီး Jennie လှမ်းပေးတဲ့ စတော်ဘယ်ရီနို့ဗူးလေးကို အားရပါးရ စုပ်သောက်နေတော့သည် ။
" ဟီးဟီး... နောက်ဆို ချောကလက်ကိတ်မလုပ်နဲ့လေ Jendeuk ရဲ့ ... ဒီလို စတော်ဘယ်ရီအရသာမျိုး လုပ်ကြည့်ပါလား ... ဒါမှမဟုတ် Tanghulu လုပ်ကြည့်ပါလား
စတော်ဘယ်ရီနဲ့လေ... ငါ ကြိုက်တယ် ဟဲဟဲ "
" ဟားဟား... အေးပါ... စတော်ဘယ်ရီ ပေါ်တဲ့ ရာသီကျရင် လုပ်ကြည့်တာပေါ့....အခုက မပေါ်သေးဘူးမလား "
" အင်း... ဟုတ်တယ်... စျေးထဲမှာလည်း
မတွေ့သေး... ဟာ.... Jendeuk.... ငါ့ နို့ဗူးတွေရော ဒီနားမှာထားထားတာလေ နင်ဝယ်ပေးတဲ့ ဒီလိုဗူးလေ...
နှစ်ဗူးတောင်ကျန်သေးတာလေ... ဘယ်ရောက်သွားတာလဲ "
Jisoo အလန့်တကြားနဲ့ Jendeuk ဝယ်လာပေးတဲ့ ပါကင်က ကျန်တဲ့ နို့ဗူးနှစ်ဗူးကို ပြူးတူးပြဲတဲနဲ့ ရှာနေတော့သည် ။
သူ ဒီခုံတန်းပေါ် သေချာတင်ထားခဲ့တာမလား ။
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
