" အဲ့ဒါနဲ့ ရိုက်ခံရရောလား "

" အင်း အဲ့လိုပဲ ထင်တာပဲ "

နှာခေါင်းလေး ရှုံ့ပြီးပြောလာတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်မှာ သဘောကျပြီးရယ်လိုက်မိတယ်။

သူ့မျက်နှာကိုကြည့်ပြီးသဘောကျသလိုရယ်နေတဲ့ ကိုကိုမျက်နှာကို ရိပေါ်အကြာကြီး ငေးကြည့်နေမိတယ်။

ကိုကိုက တစ်ကယ်ချောလိုက်တာ...။

" ဒါနဲ့ ကိုကို "

" အွန်း "

" ကိုကို့မျက်စိတွေက..."!!!

မေးချင်တာကို ဆက်မမေးပဲ မဝန့်မရဲ ရပ်တန့်လိုက်တဲ့ မေးခွန်းလေးကြောင့် ရှောင်းကျန့် ပြုံးရပြန်တယ်။

" အင်း ကိုယ်မျက်စိတွေက ခွဲစိတ်မှုအောင်မြင်ခဲ့တယ် "

" အဲ့ဒါဆို ကိုကိုက ကျွန်တော်တို့ကို ညာထားတာပေါ့ ခွဲစိတ်မှု မအောင်မြင်ဘူးဆိုတာ... "

" အဲ့လို မဟုတ်ပေမယ့်လည်း "

" မသိဘူး ဒါပေမယ့်လည်း ကိုကို ကျွန်တော့တို့ကို ညာခဲ့တယ် "

စိတ်ဆိုးသွားတာလား စိတ်ကောက်သွားတာလားမသိတဲ့ ကောင်လေးငယ်ငယ်ဟာ သူ့ကို ဘုကြည့်ကြည့်ပြီး ရှောင်းကျန့်အခန်းထဲက ပြန်ထွက်သွားခဲ့သည်။

ပြောရင်းဆိုရင်းနဲ့ ဝမ်ရိပေါ်ကအခန်းထဲမှ ပြန်ထွက်သွားတာကြောင့် ရှောင်းကျန့်မျက်နှာကြီးမှာ မအီမသာကြီးဖြစ်ပြီးကျန်နေခဲ့ရသည်။

ဒီကောင်လေးက ဒီလိုလည်း ဆိုးတက်သေးတာပဲလား...။

..............

ဆယ်ကျော်သက်တုန်းက ရင်ခုန်ခဲ့တာကို အချစ်လို့ မသတ်မှတ်ချင်ပေမယ့် နှစ်ဆယ်ကျော်လာမှာ ခုန်လာခဲ့တဲ့ နှလုံးသားလေးရဲ့ ခေါင်းစဉ်ကို အချစ်လို့ သတ်မှတ်ချင်ခဲ့တယ်။

ငယ်ရွယ်စဉ်အခါမှာ သူငယ်ချင်းတွေကြားထဲမှာ စကြ နောက်ကြနဲ့ ပျော်ပါးကြရင်း ရှောင်းကျန့်နဲ့ ဝမ်ချင်း သူငယ်ချင်းမက ရည်းစားမကျဖြစ်ခဲ့ကြတယ်။ တစ်ကယ်ချစ်ခဲ့ကြတာလားဆိုတာတော့ မသေချာပေမယ့် ဒီအတိုင်းလေး တွဲဖြစ်ခဲ့ကြတာတော့ သေချာတယ်။

Love is Blind ( Completed  )Where stories live. Discover now