မေးရိုးတွေ ထင်းနေအောင် အံကြိတ်ထားပြီး သူ့ကို မျက်ရည်တွေ ဝဲကာ စူးစူးရဲရဲကြည့်နေတဲ့ Jisoo ကို မြင်တော့ Jennie လန့်သွားမိတာ အမှန်ပင် ။
" Ji... ဘာဖြစ်နေတာလဲဟင်... ဘာလို့ အဲ့လိုကြီး ကြည့်နေရတာလဲ "
" ရော့... ဒီမှာ နင့်ဘာသာနင် ကြည့်ကြည့် "
တစ်ခါမှ လေသံမာမာနဲ့ မပြောဖူးတဲ့သူက အခုတော့ အံကြိတ်သံနဲ့ပြောပြီး လက်ထဲကို အားနဲ့ ဆောင့်ထည့်ပေးလိုက်တဲ့ စာရွက်စာတမ်းတွေကြောင့် Jennie
မှင်သက်သွားမိသည် ။ ဒါ သူနဲ့ Ahjashi
နှစ်ယောက်ပဲ တိုင်ပင်ပြီး လုပ်လိုက်တဲ့ စာရွက်တွေ ။ ဒီလောက်မြန်မြန် Ahjashi က လွှဲပြောင်းပေးမယ်မထင်ခဲ့တာကြောင့် Jisoo ကို မပြောထားမိခဲ့တဲ့ ကိစ္စကြီး ။
ဖြစ်ချင်တော့ Ji ဆီကိုမှ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားသတဲ့လား ။
" KIM JENNIE!!! နင် .... နင်... ဒီပိုက်ဆံတွေ ဘယ်ကရတာလဲ... ဒီလောက်များတဲ့ ပိုက်ဆံတွေ နင် ဘယ်လိုရှာခဲ့တာလဲ.... ငါ့ကို အမှန်အတိုင်းပြောစမ်းပါ.... "
" Ji... ငါ... ငါ... "
" နင်.... နင်ဟာ.... ငါ့ကို ဘာမှမပြောပဲ... လုပ်.. လုပ်ရက်တယ် ။ Jennie ရာ....
နင်.. ဘယ်တုန်းက အဲ့လိုလုပ်ဖူးလို့လဲ... "
" ငါ... ငါ တောင်းပန်ပါတယ် Ji ရယ်...
ငါ တောင်းပန်ပါတယ်နော် ။ နင့်ကို ပြောပြလို့ မရလို့ပါ ။ ပြောပြလို့မဖြစ်လို့ပါ... တကယ်တောင်းပန်ပါတယ်နော် "
Jennie က လက်လေးနှစ်ဖက်ကို ပွတ်ကာ မျက်ရည်တွေကျပြီး တောင်းပန်နေတော့ Jisoo ရင်ဘတ်ထဲက စူးနစ်နေအောင်
နာရသည် ။ အံကိုကြိတ်ထားပြီး ကျလာတဲ့ မျက်ရည်တွေကို လက်ခုံနဲ့ ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်ကာ Jennie ကို မျက်နှာလွှဲလိုက်သည် ။
" ဘာလို့ ပြောပြလို့ မဖြစ်တာလဲ... ငါ မေးနေတယ်လေ... Jennie... ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ...နင် ဒီငွေတွေကို ဘယ်က ရလာတာလဲ... ငါ့ကို ပြောစမ်းပါ
KIM JENNIE ရာ!!!"
Jisoo အော်လိုက်တဲ့ အသံကြောင့် Jennie ကိုယ်လေး တုန်တက်သွားတဲ့အထိကို
လန့်သွားရသည် ။ ပြီးတော့ တုန်တုန်ယင်ယင် နဲ့ပင် Jisoo လက်ကလေးကို လှမ်းဆွဲလိုက်ကာ
" ငါ... ငါ... အမှန်အတိုင်း ပြောပြရင် နင်... နင် ငါ့ကို ထားမသွားပါဘူးလို့ က... ကတိပေးပါ.... နင် ငါ့ကို မစွန့်ပစ်ပါဘူးလို့ ကတိပေးပါနော် Ji...ငါ အကုန်ပြော... ပြောပြပြီးသွားရင် နင် ငါ့လက်... ငါ့လက်ကို ဖြုတ်မချဘူးလို့ ကတိပေးပါ.... ငါ့ကို ကတိပေးပါနော်... ငါ့ကို ဘယ်တော့မှ ခွဲမသွားပါနဲ့နော် Ji... ငါ... ငါ.. ပြောပြပါ့မယ်... ကတိပေးပါ Ji ရယ်... "
Jennie မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျကာ Jisoo လက်ကလေးကို ဆုပ်ကိုင်ပြီး တောင်းဆိုနေတဲ့ မျက်ဝန်းတွေနဲ့ မော့ကြည့်နေတာမို့ Jisoo တင်းထားတဲ့ကြားက မျက်ရည်တွေ ကျမိသွားသည် ။ Jendeuk
ငိုတာ သူမမြင်ချင်ဆုံးလေ ။ Jendeuk ရဲ့ မျက်ရည်တွေကို မြင်ရတာ ရင်ထဲကနေ စူးနင့်ပြီးကို နာရသည် ။
" Jen... Jen ရယ်... နင် ဘာတွေ လုပ်လိုက်တာလဲဟာ "
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 18
Start from the beginning
