Ahjashi လည်း နောက်ပိုင်း Ahjima ရဲ့ မွေးရပ်မြေမှာ ဂေဟာဖွင့်ရင် ဘာတွေလိုအပ်မလဲဆိုတာ လေ့လာရအောင်လို့ ရည်ရွယ်ပြီး Jisoo တို့ သုံးယောက် Jeju ကျွန်းကို
ခြေချမိကြသည် ။
လမ်းတွေသိပ်မမှတ်မိတာမို့  ဟိုမေးဒီမေးဖြင့်ပင် ငယ်ငယ်ကနေခဲ့တဲ့ ဂေဟာလေးကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ကြတော့သည် ။
ဂေဟာလေးက အများကြီး ပြောင်းလဲသွားသလို  ဂေဟာက Sister ကြီးတစ်ချို့ကတော့ မရှိကြတော့ ။ Jisoo တို့ကို ထိန်းခဲ့တဲ့ Sister ကြီးကတော့  ရှိသေးပေမယ့် Jisoo တို့ကို မမှတ်မိ ။ ဘယ်မှတ်မိမလဲ ။ ဆယ်နှစ်ကျော် ဆယ့်ငါးနှစ်လောက်တောင် ကြာခဲ့ပြီမလား ။ ဒါပေမယ့် ဂေဟာက ထွက်ပြေးသွားခဲ့တဲ့ နှစ်ယောက်လေလို့  ပြောပြတော့ ထို Sister ကြီးက ချက်ချင်းသိသွားပြီး Jendeuk ကိုတော့ မှတ်မိသွားခဲ့သည်လေ ။
မှတ်မိလည်း မှတ်မိချင်စရာပါ ။ Jendeuk ငယ်ငယ်လေးတုန်းက မျက်လုံးမှေးမှေးလေးနဲ့ ပါးဖောင်းဖောင်းလေးမို့ သိပ်ချစ်စရာကောင်းသည်လေ ။  အမြဲတမ်း Jisoo နောက်ကနေ လက်ဆွဲပြီး ကပ်နေခဲ့တဲ့ စူပုတ်ပုတ်နဲ့ ကလေးလေးပေါ့ ။

Jisoo က Jennie ငယ်ငယ်တုန်းက အကြောင်းတွေပြောပြတော့ Ahjashi က သဘောတွေကျပြီး ရီမောနေတော့သည် ။ ကလေးတွေကို မြင်တော့လည်း  Ahjashi က ပျော်နေတာမို့ Jisoo တို့ နေရာရွေးမှန်သွားပြီလို့ပင် စိတ်ထဲတွေးနေမိသည် ။ Ahjashi ရဲ့ အပြုံးတွေက Ahjima ဆုံးသွားကတည်းက ပျောက်ကွယ်သွားခဲ့တာမလား ။ ကောင်းကင်ပေါ်က Ahjima လည်း ပြုံးပျော်နေမှာပါ ။
သူ့ရဲ့ နောက်ဆုံးဆန္ဒကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ Ahjashi ကိုကြည့်ပြီး ကျေနပ်နေမှာပါ ။

Ahjashi ဒီထက်ပိုပြီး စိတ်ချမ်းသာဖို့တော့ Jisoo ကြိုးစားရအုန်းမည်မလား ။
ဒီတစ်လအတွင်း ခေါက်ဆွဲလုပ်ငန်းနဲ့ အိမ်ကို ဝယ်မယ့်သူကို ကြိုးစားရှာခဲ့ပေမယ့်
အိမ်ကိုသာ သဘောကျကြပြီး ခေါက်ဆွဲလုပ်ငန်းကို ဆက်မလုပ်ချင်ကြသူက များနေတာမို့ ရှာလို့မလွယ်ပင် ဖြစ်နေတော့သည် ။ သို့ပေမယ့် Jisoo က လွယ်လွယ်နဲ့ လက်လျှော့တတ်တဲ့သူမှ မဟုတ်တာ ။
သူ ကတိပေးထားပြီးတဲ့ အရာကို တည်အောင် ဆက်ကြိုးစားပြီး ရှာနေခဲ့သည် ။

From Zero to Infinity ~~~Where stories live. Discover now