" Ji... "
" Jendeuk...နင် ဘယ်လိုတွေးနေလဲဆိုတာ ငါ သိတယ်... နင် အဲ့ဒါပြောမယ်ဆိုရင်တော့ ငါ လုံးဝ လက်မခံနိုင်တာမို့ မပြောပါနဲ့ဟာ"
Jennie ရဲ့ မျက်လုံးကို ကြည့်လိုက်တာနဲ့ သူ ဘာတွေးနေလဲက အစ သိလွန်းနေတဲ့ Jisoo ကို ကြည့်ပြီး Jennie ကျေနပ်ပီတိဖြစ်ကာ မျက်ရည်အဝဲသားနှင့်ပင် ပြုံးနေမိသည် ။
" Ji ရယ်... ငါလည်း နင့်ကို ဒီလုပ်ငန်းလေးကို ဆက်ခံစေချင်တယ်လေ... နင် ကြိုးစားပြီး ချဲ့ထွင်ခဲ့တဲ့ ဒီဆိုင်လေးလေ "
" အဲ့ဒါတွေက ငါ့အတွက် အရေးမကြီးဘူး Jendeuk... ဒီဆိုင် မရှိလည်း ငါ တခြားအလုပ်လုပ်နိုင်တယ် ။ ဒီငွေတွေကိုတော့
လုံးဝ မထိနိုင်ဘူး Jendeuk "
" ဒါမဲ့ Ahjashi က မိဘမဲ့ဂေဟာလေး ထူထောင်ချင်တာလေ Ji ရဲ့... ငါတို့လို မိဘမဲ့ခဲ့တဲ့ ကလေးတွေကို စောင့်ရှောက်တာကလည်း ကောင်းတဲ့အလုပ်ပဲလေ... ဒီငွေတွေ ငါတို့ ပြန်ရှာလို့ ရပါတယ် Ji ရယ်... အခုက Ahjashi လည်း စိတ်ချမ်းသာသွားမယ် ။
သူ့ဆိုင်လေးကိုလည်း နင်နဲ့ စိတ်ချသွားမယ် ။ ငါ... ငါတို့လည်း အခြေအနေမပျက်တော့ဘူးလေနော် ။ အားလုံးအတွက် အဆင်ပြေစေမယ့် အရေးမို့ ငါ့ အိမ်မက်ကို ခဏလေး နောက်ဆုတ်လိုက်လို့လည်း ဖြစ်ပါတယ်ဟာ... နော်... Ji... နင် သေချာပြန်စဥ်းစားပါအုန်း "
" ငါ... ငါ... ဒီလုပ်ငန်းကိုပါ ဆက်လုပ်နိုင်မယ့် ဝယ်သူကို ရှာ... ရှာပေးမယ်လို့ ပြောပြီးပြီလေ Jen ။ ငါ ရအောင်ရှာပြီး Ahjashi ကို စိတ်ချရအောင် လုပ်ပေးမှာပါ ။ နင်...နင် ဘာမှလျှောက်မတွေးနေပါနဲ့ Jendeuk "
ကုတင်ပေါ်ကနေ ထပြီး ကျောခိုင်းကာ ပြောသွားတဲ့ Jisoo ကို Jennie သက်ပြင်းလေးချပြီးသာ ကြည့်နေမိသည် ။
Kim Jisoo ဟာ Jennie အတွက်ဆို သိပ်ခေါင်းမာလွန်းတဲ့ လူသား....
-----------------------------------------------
Ahjima ဆုံးတာ နှစ်လပြည့်တဲ့နေ့မှာတော့ Ahjashi က သူ့အတွက် ကောင်းတာတစ်ခုခုလုပ်ပေးချင်တယ်လို့ ဆိုလာတာကြောင့် Jisoo တို့လည်း Ahjima အတွက်
စဥ်းစားပေးပြီး သူသဘောကျလောက်မယ့် အလှူတစ်ခုကို လုပ်ဖို့ ဆုံးဖြတ်လိုက်ကြတော့သည် ။ အဲ့ဒါကတော့ Jisoo တို့
ငယ်ငယ်က နေခဲ့တဲ့ Jeju ကျွန်းက မိဘမဲ့ဂေဟာလေးမှာ ကလေးတွေအတွက် လိုအပ်တာတွေ သွားလှူပေးခြင်းဖြစ်သည် ။
ဂေဟာက နှစ်ယောက်သား ထွက်ပြေးလာပြီးကတည်းက တစ်ခေါက်မှ ပြန်မသွားမိတာကတစ်ကြောင်း ကိုယ်ငယ်ငယ်က
စောင့်ရှောက်ပေးခဲ့ကြတဲ့ ဂေဟာလေးကို ကျေးဇူးဆပ်ချင်တာက တစ်ကြောင်းမို့
ဒီဂေဟာလေးကိုပဲ လှူရန် ရွေးချယ်လိုက်ကြသည် ။ Jisoo တို့ရဲ့ လစာငွေလေးတွေရယ် ခေါက်ဆွဲလုပ်ငန်းက မြတ်တဲ့အမြတ်တွေရယ် ပေါင်းကာ တော်တော်များများလှူဖို့လည်း ဆုံးဖြတ်ခဲ့ကြသည် ။
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 18
Start from the beginning
