" အင်းး...အင်းပါ... ကလေးတို့ရယ်... ဒါဆိုလည်း ဦးလေးတို့ တခြားဝယ်နိုင်မယ့်သူ ရှာကြတာပေါ့... သူ့ရဲ့ နောက်ဆုံးဆန္ဒလေးကို ဦးလေး... ဦးလေး ဖြည့်ဆည်းပေးချင်လို့ပါ... Jisoo ရယ်...အီး.... ဟီး... ဟီး... "
ပြောရင်းနဲ့ ငိုချလိုက်တဲ့ Ahjashi ကြောင့် Jisoo စိတ်မကောင်းလွန်းလို့
အောက်နှုတ်ခမ်းလေးကို ကိုက်ထားမိကာ ကျလာမယ့်မျက်ရည်တွေကို ထိန်းရင်း မျက်နှာလွှဲနေမိသည် ။
Jennie ကတော့ Ahjashi ပခုံးလေးကို ဖက်ထားပေးကာ သူပါ တအိအိနဲ့ လိုက်ငိုနေတော့သည် ။
☁️ တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... Ahjashi ရယ်... Ahjashi က Ahjima အတွက် နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးချင်သလို Ji လည်း Jendeuk ရဲ့ အိမ်မက်လေးကို အထိခိုက်မခံနိုင်ပါ... Jinja... Jinja Mianhae...☁️
Jisoo ငိုနေတဲ့ Ahjashi ကို စိတ်ထဲကနေပဲ တောင်းပန်စကား ဆိုနေမိသည် ။ Ahjashi က သူ့ရဲ့ ဘိုးဘွားအမွေဖြစ်တဲ့ ဒီခေါက်ဆွဲဆိုင်လေးကို ဘယ်လောက်မြတ်နိုးလဲ Jisoo အသိဆုံးပင်ဖြစ်သလို တခြားလူလက်ထဲရောင်းရမှာဖြစ်တဲ့အတွက် ဆက်မလုပ်နိုင်တော့မှာကို တွေးပြီး ရင်ကျုံးမရ ဖြစ်နေတာကိုလည်း Jisoo အသိဆုံးပင်မလား ။
အဲ့ဒါကြောင့် Jisoo Ahjashi ကို အတတ်နိုင်ဆုံးဖြစ်တဲ့ ကတိတစ်ခု ပေးလိုက်သည် ။
" Ah... Ahjashi ... စိတ်ချပါ... Ji ဒီခေါက်ဆွဲလုပ်ငန်းကိုပါ လွှဲပြောင်းဝယ်နိုင်တဲ့ သူကို ရှာပေးပါ့မယ်နော် ။ Ji ရအောင် ရှာပြီး ရောင်းပေးပါ့မယ် ။ Ji ရအောင် ဒီလုပ်ငန်းလေးကို လက်ဆင့်ကမ်းပေးပါ့မယ် Ahjashi ရယ်... နော် "
Jisoo Ahjashi ရှေ့မှာ ဒူးလေးထောက်ပြီး လက်သီးကို ဆုတ်ထားကာ တောင်းပန်ရင်း ကတိတွေ ပေးနေမိသည် ။ Ahjashi က အဲ့တော့မှ အငိုတိတ်ကာ Jisoo ကို လာဖက်ပြီး ခေါင်းတဆတ်ဆတ်ညိတ်ကာ ပြုံးပြသည် ။
" ယုံပါတယ် ... ဦးလေး ကလေးတို့ကို ယုံပါတယ်ကွယ်... "
ထိုနေ့ညကတော့ ဘဏ်စာအုပ်လေးကို
ထုတ်ကြည့်တဲ့သူဟာ Jennie ဖြစ်နေခဲ့ပြီး တစ်ခုခုကို တောင်းဆိုချင် နေတဲ့ မျက်လုံးတွေနဲ့ Jisoo ကို လှမ်းကြည့်နေခဲ့သည် ။
တကယ်တော့ Jennie Jisoo အတွက် ဒီခေါက်ဆွဲလုပ်ငန်းလေးကို အရမ်းဝယ်ပေးချင်နေတာလေ ။ Jisoo ကလည်း ဒီငွေတွေကို အဲ့ဒီအတွက် လုံးဝ သုံးမှာမဟုတ်တာလည်း သူသိနေသည်လေ ။
သူ့အတွက်ဆိုပြီး ရည်ရွယ်ထားတဲ့ ကော်ဖီဆိုင်လေးကို Jisooက ဘယ်လိုလုပ်
အပျက်စီးခံပါ့မလဲ ။
ဒါပေမယ့် Jennie ကတော့ ကော်ဖီဆိုင်မဖွင့်ရလည်း ဘာမှမဖြစ် ။ သုံးနှစ်ကျော်ကျော်
ဒီအိမ်မက်လေးအတွက် စုခဲ့ရပေမယ့် Jisoo အတွက်ဆိုရင်တော့ အဲ့ဒီအိမ်မက်ကိုလည်း စွန့်လွှတ်နိုင်ပါရဲ့ ။
သူ့အတွက်တော့ ခေါက်ဆွဲဆိုင်လေးကို လက်လွှဲယူပေးရမည်ဟု ဆုံးဖြတ်ကာ Jisooကို ပြောဖို့ ပြင်လိုက်သည် ။
VOCÊ ESTÁ LENDO
From Zero to Infinity ~~~
Fanficဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 18
Começar do início
